အဋ္ဌမအကြိမ် နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင်အဖွဲ့ စတုတ္ထအစည်းအဝေး ဒုတိယနေ့ကျင်းပ

ရန်ကုန်   မတ်   ၁၃


အဋ္ဌမအကြိမ်  နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင် အဖွဲ့ စတုတ္ထအစည်းအဝေး ဒုတိယနေ့ကို  ရန်ကုန် တိုင်းဒေသကြီး   မရမ်းကုန်းမြို့နယ်   သီရိမင်္ဂလာ ကမ္ဘာအေးကုန်းမြေ ဆဋ္ဌသင်္ဂါယနာ မဟာပါသာဏ လိုဏ်ဂူသိမ်တော်ကြီး၌ ယနေ့နံနက်  ၈ နာရီတွင် ကျင်းပသည်။
အဆိုပါအစည်းအဝေးသို့ နိုင်ငံတော်သြဝါဒါစရိယ ဆရာတော်ကြီးများ၊ နိုင်ငံတော်သံဃမဟာနာယက ဆရာတော်ကြီးများ၊ နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင် ဆရာတော်ကြီးများ၊    သာသနာရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်နှင့်  တာဝန်ရှိသူများ  တိုင်း ဒေသကြီး/ပြည်နယ်      သာသနာရေးမှူးများ  တက်ရောက်ကြည်ညိုကြသည်။


ဆောင်ရွက်တော်မူ


အစည်းအဝေးတွင်   နိုင်ငံတော်ဗဟိုသံဃာ့ ဝန်ဆောင်အဖွဲ့ဥက္ကဋ္ဌ အဘိဓဇမဟာရဋ္ဌဂုရု၊ အဘိဓဇ အဂ္ဂမဟာသဒ္ဓမ္မဇောတိက ဒေါက်တာဘဒ္ဒန္တကုမာရာ ဘိဝံသက သဘာပတိအဖြစ် ဆောင်ရွက်တော်မူပြီး တွဲဖက်အကျိုးတော်ဆောင် ဆရာတော် အဂ္ဂမဟာ ပဏ္ဍိတ    ဘဒ္ဒန္တသီဟနာဒက     အခမ်းအနားမှူး ဆရာတော်အဖြစ် ဆောင်ရွက်တော်မူသည်။


ထို့နောက်    အခမ်းအနားမှူးဆရာတော်က အစည်းအဝေးစတင်ကြောင်းနှင့် ကြွရောက်တော်မူ လာကြသော   နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင် ဆရာတော်များအရေအတွက်ကို        ဖတ်ကြား လျှောက်ထားပြီး ၈၇ ရာခိုင်နှုန်းရှိသဖြင့် အစည်းအဝေး ထမြောက်အောင်မြင်ကြောင်း  ကြေညာပြီး ဖြန့်ဝေ ဆက်ကပ်ထားသည့် အစီအစဉ်တွင်ပါရှိသည့်အတိုင်း အစည်းအဝေးကို ဆက်လက်ကျင်းပသည်။
ယင်းနောက် နိုင်ငံတော်သီးခြားဝိနည်းဓိုရ်အဖွဲ့နှင့် နိုင်ငံတော်သံဃဝိနိစ္ဆယအဖွဲ့ဝင်  ဆရာတော်များ အား နိုင်ငံတော်ဝိနည်းဓိုရ်လက်မှတ်များ ဆက်ကပ် တော်မူသည်။
လက်မှတ်ရေးထိုး


ထို့နောက် အဋ္ဌမအကြိမ် နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင်အဖွဲ့ တတိယနှင့် စတုတ္ထအစည်းအဝေး တွင်    ချမှတ်ခဲ့သည့်    အစားထိုးရွေးချယ်မှုများ၊ ဆုံးဖြတ်ချက်များ၊  အတည်ပြုချက်များ၊  မှတ်တမ်း တင်ချက်များကို  သာသနာ့သမိုင်းဝင်   မှတ်တမ်း စာအုပ်၌ ဩဝါဒါစရိယဆရာတော် ၁၅ ပါး၊  ဥက္ကဋ္ဌ ဆရာတော်၊ အကျိုးတော်ဆောင်ဆရာတော်၊  ဂိုဏ်း အသီးသီးနှင့် တိုင်းဒေသကြီး/ ပြည်နယ်အသီးသီးတို့မှ ကိုယ်စားလှယ်တစ်ပါးစီတို့က    လက်မှတ်ရေးထိုး တော်မူကြသည်။
ယင်းနောက် သဘာပတိ နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင်အဖွဲ့ဥက္ကဋ္ဌ    ဒေါက်တာဘဒ္ဒန္တကုမာရာ ဘိဝံသ၏ နိဂုံးချုပ် ဥယျောဇနကထာကို နာယူတော်မူ ကြပြီး အစည်းအဝေးသို့ ကြွရောက်တော်မူလာကြ သည့် ဆရာတော်အားလုံးက “ဇယန္တော ဗောဓိယာ မူလေ” အစချီ(၂)ဂါထာကို   သုံးကြိမ်ရွတ်ဆိုတော်မူ ကြပြီး သာဓုသုံးကြိမ်ခေါ်ဆိုကာ အဋ္ဌမကြိမ်နိုင်ငံတော် ဗဟိုသံဃာ့ဝန်ဆောင်အဖွဲ့   တတိယနှင့်   စတုတ္ထ အစည်းအဝေးကို အောင်မြင်စွာကျင်းပပြီးစီးခဲ့သည်။


တစ်နေ့တာဆွမ်းဆက်ကပ်


ယနေ့အစည်းအဝေးသို့ ကြွရောက်တော်မူလာ ကြသည့် ဆရာတော်ကြီးများကို အလှူရှင်များဖြစ်ကြ သည့်       ဗိုလ်ချုပ်မှူးကြီးသန်းရွှေ(ငြိမ်း)ဇနီး ဒေါ်ကြိုင်ကြိုင်မိသားစု၊    ဒုတိယဗိုလ်ချုပ်မှူးကြီး မောင်အေး(ငြိမ်း)ဇနီး      ဒေါ်မြမြစန်းမိသားစု၊ အဂ္ဂမဟာသရေစည်သူ၊     အဂ္ဂမဟာသီရိသုဓမ္မ-ဦးသိန်းစိန် နိုင်ငံတော်သမ္မတ(ငြိမ်း) ဇနီး ဒေါ်ခင်ခင်ဝင်း မိသားစု၊ မဟာသရေစည်သူ (ဗိုလ်ချုပ်ကြီးစိုးဝင်း-ငြိမ်း)ဇနီး ဒေါ်သန်းသန်းနွဲ့ မိသားစု၊ မဟာသရေစည်သူ ဒုတိယဗိုလ်ချုပ်ကြီးတင်အေး-(ငြိမ်း)      ဇနီး (ဒေါ်ကြည်ကြည်အုန်း)မိသားစု၊ ဇေယျကျော်ထင်  ဗိုလ်ချုပ်တင်ငွေ(ငြိမ်း)  ဒေါ်နန်းခင်လှဝင်း မိသားစု၊ မဟာသရေစည်သူ ဒုတိယဗိုလ်ချုပ်ကြီး  ခင်မောင် သန်း-(ငြိမ်း) ဇနီး ဒေါ်မာလာတင့် မိသားစု၊  မဟာ သရေစည်သူ ဒုတိယဗိုလ်ချုပ်ကြီးအောင်ထွေး-(ငြိမ်း) ဇနီး ဒေါ်ခင်နှင်းဝေမိသားစု၊    မဟာသရေစည်သူ ဒုတိယဗိုလ်ချုပ်ကြီးမောင်ဘို-(ငြိမ်း)  ဇနီး ဒေါ်ခင် လေးမြင့်မိသားစု၊  မဟာသရေစည်သူ  ဒုတိယ ဗိုလ်ချုပ်ကြီးရဲမြင့်-(ငြိမ်း) ဇနီး     ဒေါက်တာ ဒေါ်တင်လင်းမြင့် မိသားစုတို့က   တစ်နေ့တာဆွမ်း ဆက်ကပ်လှူဒါန်းခဲ့ကြသည်။              

သတင်းစဉ်