
နေပြည်တော် ဇွန် ၁၆
မြန်မာ့တပ်မတော် (လေ)နှင့် ထိုင်းဘုရင့်လေတပ်တို့ အကြား ချစ်ကြည်ရင်းနှီးမှု တိုးမြှင့်ရန်နှင့် ပူးပေါင်းဆောင်ရွက်မှု တိုးတက် စေရန်ရည်ရွယ်ပြီး အဋ္ဌမအကြိမ် မြန်မာ - ထိုင်း နှစ်နိုင်ငံလေတပ် အကြား အလုပ်ရုံဆွေးနွေးပွဲ (8th MAF-RATF Air Working Group Meeting) ကို ဇွန် ၁၂ ရက်မှ ယနေ့အထိ နေပြည်တော်ရှိ Aureum Palace Hotel ၌ ကျင်းပ ပြုလုပ်သည်။
အဆိုပါ ထိုင်းဘုရင့်လေတပ်မှ Air Marshal Kidkuan Sadub ဦးဆောင်သော ကိုယ်စားလှယ် အဖွဲ့သည် ဇွန် ၁၂ ရက် နံနက် ပိုင်းတွင် ရန်ကုန်အပြည်ပြည် ဆိုင်ရာလေဆိပ်သို့ ရောက်ရှိကြ ရာ တပ်မတော်(လေ)မှ တာဝန်ရှိ သူများက ကြိုဆိုနှုတ်ဆက်ကြ သည်။ ယင်းနောက် ညနေပိုင်းတွင် နှစ်နိုင်ငံလေတပ်များမှ အစည်း အဝေးကျင်းပရေး အတွင်းရေးမှူး အဖွဲ့များအကြား အကြိုညှိနှိုင်း အစည်းအဝေးကို နေပြည်တော် ရှိ Aureum Palace Hotel အစည်း အဝေးခန်းမ၌ ပြုလုပ်ကြသည်။
ထို့နောက် ဇွန် ၁၃ ရက်တွင် အလုပ်ရုံဆွေးနွေးပွဲကို စတင် ကျင်းပခဲ့ရာ နှစ်နိုင်ငံ လေတပ် အစည်းအဝေး သဘာပတိများဖြစ် ကြသည့် မြန်မာ့တပ်မတော်(လေ)မှ စစ်ဦးစီးအရာရှိချုပ် (လေ) နှင့် ထိုင်းဘုရင့်လေတပ်မှ Air Marshal Kidkuan Sadub တို့ သည် အဖွင့်အမှာစကား ပြောကြားကြသည်။
ယင်းနောက် အစည်းအဝေး ဆုံးဖြတ်ချက်များအား အတည်ပြု လက်မှတ်ရေးထိုးကြကာ နှစ်နိုင်ငံ လေတပ်မှ ကိုယ်စားလှယ်အဖွဲ့ ခေါင်းဆောင်များက အထိမ်း အမှတ်လက်ဆောင်များ အပြန် အလှန် လဲလှယ်ခဲ့ကြပြီး အမှတ် တရ စုပေါင်းဓာတ်ပုံရိုက်ကြသည်။
ထို့နောက် ညနေပိုင်းတွင် မြန်မာ့တပ်မတော်(လေ) က ဂုဏ်ပြုညစာစားပွဲဖြင့် တည်ခင်း ဧည့်ခံပြီး တေးသီချင်းများဖြင့် သီဆိုဖျော်ဖြေခဲ့ကြသည်။
ထို့ပြင် ဇွန် ၁၄ ရက်တွင် ထိုင်း ဘုရင့်လေတပ် ကိုယ်စားလှယ် အဖွဲ့သည် နေပြည်တော်ကောင်စီ နယ်မြေရှိ မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးနှင့် ဥပ္ပါတသန္တိ စေတီတော်သို့ သွားရောက်ဖူးမြော် ကြည်ညိုကြပြီး ဆင်ဖြူတော်များ အား ကြည့်ရှုလေ့လာခဲ့ကြသည်။
ထို့နောက် ထိုင်းဘုရင့် လေတပ် ကိုယ်စားလှယ်အဖွဲ့သည် ဇွန် ၁၅ ရက်တွင် ရန်ကုန်မြို့ရှိ ရွှေတိဂုံ စေတီတော်မြတ်ကြီး၊ ငါးထပ်ကြီးဘုရား၊ ခြောက်ထပ် ကြီးဘုရားနှင့် ဆူးလေစေတီတော် တို့သို့ သွားရောက်ဖူးမြော်ခဲ့ကြ ပြီး ဗိုလ်ချုပ်အောင်ဆန်းဈေးသို့ သွားရောက် လှည့်လည်ကြည့်ရှုကြ သည်။
ညပိုင်းတွင် မြန်မာနိုင်ငံ ဆိုင်ရာ ထိုင်းစစ်သံရုံးက တည်ခင်း ဧည့်ခံသည့် ညစာစားပွဲသို့ တပ်မတော်(လေ)မှ တာဝန်ရှိသူ များနှင့်အတူ တက်ရောက်ခဲ့ကြ သည်။
ယနေ့တွင် အဆိုပါ ထိုင်း ဘုရင့်လေတပ် ကိုယ်စားလှယ် အဖွဲ့သည် ရန်ကုန်အပြည်ပြည် ဆိုင်ရာလေဆိပ်မှ ပြည်ပ လေကြောင်းလိုင်းဖြင့် ထိုင်းနိုင်ငံ သို့ ပြန်လည်ထွက်ခွာကြရာ တပ်မတော်(လေ)မှ တာဝန်ရှိသူ များက ပို့ဆောင်နှုတ်ဆက်ခဲ့ကြ ကြောင်း သိရသည်။
သတင်းစဉ်