အတွင်းဝန်ရုံး(ယခင်ဝန်ကြီးများရုံး)သို့ လာရောက်မည့် မိဘပြည်သူများလိုက်နာဆောင်ရွက်နိုင်ပါရန် မေတ္တာရပ်ခံပန်ကြားခြင်း

 

á     ဘောလ်ပင်အမျိုးမျိုး၊ လက်ကိုင်ဖုန်းအမျိုးမျိုး၊ အလံအမျိုးမျိုး၊ လက်ကိုင်အိတ်အမျိုးမျိုး၊ ကင်မရာအမျိုးမျိုး၊    မီးခြစ်အမျိုးမျိုး၊   ပန်းခွေ/ပန်းစည်း/ပန်းခြင်းအမျိုးမျိုး၊     ဗီနိုင်းစအမျိုးမျိုး၊  ပုလင်း/ ဘူးအမျိုးမျိုး၊   အလံကိုင်ဆောင်ရာတွင်   အသုံးပြု သည့်      တုတ်နှင့်ကော်ပိုက်/ သံပိုက်များ     ယူဆောင်၍ အတွင်းဝန်ရုံး(ယခင်ဝန်ကြီးများရုံး)အတွင်းသို့ ဝင်ရောက်ခွင့် မပြုပါ။
á     လာရောက်သူများအားလုံး      နှာခေါင်းစည်း  (Mask) များ မပျက်မကွက်စနစ်တကျတပ်ဆင်ရန်။
á     သတ်မှတ်ပေးထားသော နေရာများတွင်  စနစ်တကျလက်ဆေး ခြင်း၊  အသင့်စီစဉ်ပေးထားသော Hand Sanitizer သုတ်လိမ်း ခြင်းတို့ကို ဆောင်ရွက်ပြီးမှသာ ဝင်ရောက်ရန်။
á     ဗိုလ်တထောင်မြို့နယ်၊   မဟာဗန္ဓုလလမ်းနှင့်  သိမ်ဖြူလမ်းဆုံ တွင်  ကိုယ်အပူချိန်တိုင်းတာခြင်းအပါအဝင်  ကျန်းမာရေး ဆိုင်ရာစစ်ဆေးမှုများနှင့် အမည်၊ နိုင်ငံသားစိစစ်ရေးကတ်ပြား အမှတ်၊ နေရပ်လိပ်စာ၊ တယ်လီဖုန်းနံပါတ်စသည်တို့ကို ပြည့်စုံ မှန်ကန်စွာ  စာရင်းပေးသွင်းရန်   (နိုင်ငံသားစိစစ်ရေးကတ် (သို့မဟုတ်)  ဝန်ထမ်းကတ် (သို့မဟုတ်) ကျောင်းသားကတ် (သို့မဟုတ်)     ကိုယ်ရေးအချက်အလက်     စိစစ်နိုင်သည့် အသိအမှတ်ပြုကတ်ပြား ယူဆောင်လာပါရန်။
á     ကျန်းမာရေးဝန်ကြီးဌာနမှ    သတ်မှတ်ထားသော     Social/Physical Distancing နှင့်အညီ ရှေ့နောက်၊ ဘေးတိုက်အကွာ အဝေးများကို (၆)ပေအကွာအဝေးအတိုင်း လိုက်နာနိုင်ရန်နှင့် နေရာများအလိုက် တာဝန်ရှိသူများ၏ စီစဉ်ဆောင်ရွက်မှုကို ပူးပေါင်းပါဝင်ရန်။
á     ကိုယ်အပူချိန်မြင့်ခြင်း (အပူချိန် ၃၈ ဒီဂရီစင်တီဂရိတ်/၁၀၀.၄ ဒီဂရီဖာရင်ဟိုက်)၊ ချောင်းဆိုးခြင်း၊ အသက်ရှူရခက်ခဲခြင်း၊ အားအင်ကုန်ခန်းခြင်းအပါအဝင် သံသယဖြစ်ဖွယ်လက္ခဏာ များ   စစ်ဆေးတွေ့ရှိရပါက  သက်ဆိုင်ရာ၏  အကြံပြုချက် အတိုင်း လိုက်နာဆောင်ရွက်ရန်။
á     အတွင်းဝန်ရုံး(ယခင်ဝန်ကြီးများရုံး)တွင် တာဝန်ထမ်းဆောင် နေကြသူများ၏     စီစဉ်ဆောင်ရွက်ပေးမှုနှင့်အညီ  လိုက်နာ ဆောင်ရွက်ရန်။
á     အတွင်းဝန်ရုံး(ယခင်ဝန်ကြီးများရုံး)သို့ လာရောက်လေ့လာ သူများအနေဖြင့် တစ်ဦးနှင့်တစ်ဦး (၆)ပေခြား၍စီတန်းပြီး ပြတိုက်အတွင်း ခွင့်ပြုသည့်အရေအတွက်အတိုင်း ဝင်ရောက် လေ့လာရန်နှင့် တစ်ဦးနှင့်တစ်ဦး (၆)ပေခြားဖြင့်သာ ပြန်လည် ထွက်ခွာရန်။
á     ကျန်းမာရေးဝန်ကြီးဌာနမှ   အချိန်နှင့်တစ်ပြေးညီ   ထုတ်ပြန်ပေး နေသည့်  ကိုဗစ်-၁၉ ဆိုင်ရာ  ကျန်းမာရေးအသိပေးချက်၊ သတိပေးချက်များကို တိကျစွာလိုက်နာဆောင်ရွက်ရန်။ 
á    သက်ကြီးရွယ်အိုများ၊      နာတာရှည်ရောဂါရှိသူများအနေဖြင့် လုံးဝ(လုံးဝ) လာရောက်ခြင်း မပြုရန်။
    ဖျားခြင်း၊ ချောင်းဆိုးခြင်း၊ အသက်ရှူရခက်ခဲခြင်း၊ အင်အား ကုန်ခန်းခြင်း   စသည့်ရောဂါလက္ခဏာများ   ဖြစ်ပွားနေပါက လုံးဝ(လုံးဝ) လာရောက်ခြင်းမပြုရန်။