
ဒီဂိမ်းကတော့ တိုက်ခိုက်ရတဲ့ အက်ရှင်ဂိမ်းအမျိုး အစားကို ကြိုက်တဲ့သူတွေအတွက် ဂရပ်ဖစ်ပိုင်းရော၊ ဇာတ်လမ်းဇာတ်ကွက်ပိုင်းရော ကောင်းမွန်တဲ့ အွန်လိုင်းဂိမ်းအမျိုးအစား ဖြစ်ပါတယ်။
ဇာတ်လမ်းသွားက နှစ်ပေါင်းများစွာကတည်းက ရှိခဲ့တဲ့ Gates of Shadows ဆိုတဲ့ စွမ်းအင်တစ်ခုဟာ လက်နက်အဖြစ် ပြောင်းလဲသွားချိန်မှာ Legion Warriors ၊ Dynasty People နဲ့ Heralds Ninjas ဆိုတဲ့ မျိုးနွယ်စုကြီး သုံးစုဟာ ရည်ရွယ်ချက်အသီးသီး နဲ့ ဒီလက်နက်ကို လိုချင်နေကြပါတယ်။ ဂိမ်းကစား သူဟာ ကြိုက်တဲ့ မျိုးနွယ်စုတစ်ခုဘက်ကနေ ရွေးချယ်ကစားနိုင်ပြီး မျိုးနွယ်အလိုက် တိုက်ခိုက်ရေး ပုံစံတွေကို သင်ယူကာ လက်နက်တွေစုဆောင်းရင်းနဲ့ ရရှိလာတဲ့အဆင့်အလိုက် အခြားဂိမ်းကစားသူတွေနဲ့ ယှဉ်ပြိုင်တိုက်ခိုက်ရမှာဖြစ်ပါတယ်။
ဂိမ်းဟာ ဇာတ်လမ်းပိုင်းကောင်းသလို ဂရပ်ဖစ် ပိုင်းကလည်း ထူးထူးခြားခြား ကောင်းမွန်ပြီး တိုက်ပွဲတွေထဲကနေ ဝတ်စုံနဲ့ လက်နက် ဒီဇိုင်းအသစ် တွေ ရလာတဲ့အခါ ပိုပြီးတော့ လှပလာပါတယ်။ ရောင်စုံရှုခင်းတွေနဲ့ လက်တွေ့ဆန်တဲ့ လှုပ်ရှားမှုပုံစံ တွေဟာ မိုဘိုင်းဂိမ်းဖြစ်ပေမယ့် ကွန်ဆိုးလ်ဂိမ်းလို့ ခေါ်တဲ့ သီးသန့်ဂိမ်းစက်တွေနဲ့ကစားရတဲ့ ဂိမ်းတွေ ကို ယှဉ်နိုင်ပါတယ်။ ဂိမ်းကစားရင်းရလာတဲ့ ဝတ်စုံနဲ့ လက်နက်တွေကို ကိုယ့်ဂိမ်းဇာတ်ကောင်ကို စိတ်ကူး ရှိသလို ဆင်ယင်ပေးတဲ့အပေါ် မူတည်ပြီး တိုက်ခိုက်တဲ့ စွမ်းရည်လည်း တက်လာမှာဖြစ်ပါတယ်။ Screen ပေါ်မှာနှိပ်ရတဲ့ ကွန်ထရိုးပိုင်းကလည်း ရိုးရှင်းလွယ်ကူ ပါတယ်။
ဒီဂိမ်းကို ပလေးစတိုးမှာ Shadow Fight 3 Nekki - Action and Fighting Games လို့ ရိုက်ရှာ နိုင်ပြီး အန်းဒရွိုက်ဗားရှင်း 4.4 အထက်ဖုန်းတိုင်းမှာ ကစားနိုင်ပါတယ်။ ဂိမ်းဖိုင်ဆိုက်က စစချင်းမှာ 118MB ပဲရှိပေမယ့် ဂိမ်းကစားရင်း ထပ်ဒေါင်းလုပ်ဆွဲ တာတွေကြောင့် ဖိုင်ဆိုက်က ပိုကြီးလာမှာဖြစ်ပါ တယ်။ အခမဲ့ကစားနိုင်တဲ့ဂိမ်းဖြစ်ပေမယ့် အဆင့် မြန်မြန်တက်ချင်ရင် Item တွေကို ဝယ်ယူရမှာဖြစ်ပြီး Item တစ်မျိုးကို အနည်းဆုံး ကျပ် ၂၀၀၀ ကျသင့်မှာ ဖြစ်ပါတယ်။ ကျော်ဇင်ဦး