
ပေါက်တော ဖေဖော်ဝါရီ ၄
ရခိုင်ပြည်နယ်အစိုးရအဖွဲ့၏ ဦးဆောင်မှုဖြင့် စစ်တွေမြို့ ခုတင်(၅၀၀)ဆံ့ ပြည်သူ့ဆေးရုံကြီးမှ အထူးကုဆရာဝန်ကြီးများအဖွဲ့ က ပေါက်တော မြို့သို့ လာရောက်၍ အခမဲ့ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများကို ပေါက်တောမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဗုဒ္ဓသာသနာ့ ဓမ္မဗိမာန်တော်နှင့် မြို့နယ်ပြည်သူ့ဆေးရုံတို့၌ ဖေဖော်ဝါရီ ၃ ရက်က ဆောင်ရွက်ပေးသည်။
အဆိုပါ အထူးကုဆရာဝန်ကြီးများအဖွဲ့က သံဃာတော်များ၊ သာသနာ့နွယ်ဝင် သီလရှင်များနှင့် ဒေသခံပြည်သူများအား မျက်စိ ရောဂါ၊ သွားနှင့်ခံတွင်းရောဂါ၊ ကလေးရောဂါ၊ ခွဲစိတ်ကုသမှုဆိုင်ရာရောဂါ၊ သားဖွား/မီးယပ်ရောဂါ၊ အရိုး/အကြော ရောဂါ၊ နား၊ နားခေါင်း၊ လည်ချောင်းရောဂါ၊ စိတ်ကျန်းမာရေးရောဂါ၊ အရေပြားရောဂါ၊ အထွေထွေရောဂါတို့နှင့်ပတ်သက်၍ လိုအပ်သည့် ဆေးဝါးကုသမှုများ ဆောင်ရွက်ပေးပြီး ECG စက်ဖြင့် ရောဂါရှာဖွေ စမ်းသပ်ပေးသည်။
ထိုသို့ ဆောင်ရွက်ပေးနေမှုများကို ပြည်နယ်ဝန်ကြီးများဖြစ်သည့် သယံဇာတရေးရာဝန်ကြီး ဦးသန်းထွန်း ၊ လမ်းပန်းဆက်သွယ်ရေး ဝန်ကြီး ရဲမှူးကြီး သက်လွင်နှင့် တာဝန်ရှိသူများက ကြည့်ရှုအားပေး၍ လိုအပ်သည်များ ကူညီဆောင်ရွက်ပေးသည်။ ဝင်းမင်းစိုး(ပြန်/ဆက်)