အထင်ကရ H3 ဒုံးပျံသစ်ကို အောင်မြင်စွာလွှတ်တင်ကြောင်း ဂျပန်အာကာသအေဂျင်စီ အတည်ပြု

 

တိုကျို   ဖေဖော်ဝါရီ   ၁၇


ဂျပန်အာကာသအေဂျင်စီသည် ၎င်းတို့၏ အထင်ကရ H3 ဒုံးပျံသစ်ကို အောင်မြင်စွာ လွှတ်တင်နိုင်ခဲ့ကြောင်း အတည်ပြုပြောသည်။ အဆိုပါဒုံးပျံကို ကာဂိုရှီးမား စီရင်စု အနောက်တောင်ပိုင်းရှိ တာနီဂါရှီမာအာကာသ စင်တာမှ  ဖေဖော်ဝါရီ   ၁၇   ရက်   နံနက်    ၉  နာရီ ၂၂ မိနစ်တွင် လွှတ်တင်ခဲ့ခြင်း ဖြစ်သည်။ 


ဂျပန်အာကာသစူးစမ်းလေ့လာရေးအေဂျင်စီက အာကာသယာဉ်မှာ     စီစဉ်သတ်မှတ်ထားသော ပတ်လမ်းအတွင်းသို့ ရောက်ရှိပြီဖြစ်ကြောင်း  ပြော သည်။ ၎င်းမှာ H3 ဒုံးပျံ၏ ပထမဆုံးအောင်မြင်သော လွှတ်တင်မှုဖြစ်ကြောင်းနှင့်  ၂၀၂၃  ခုနှစ်  မတ်လ အတွင်း ပထမအကြိမ်လွှတ်တင်မှုမှာ ဒုတိယအဆင့် အင်ဂျင်မီးကူးခြင်း  မရှိသောကြောင့်  မအောင်မြင်မှု ဖြင့် အဆုံးသတ်ခဲ့သည်။ 


ဂျပန်အာကာသစူးစမ်းလေ့လာရေး  အေဂျင်စီ ဥက္ကဋ္ဌ ယာမာကာဝါ ဟီရိုရှီက ယခုထက် ပိုပျော်ရွှင် ရပြီး   ပိုစိတ်သက်သာရတာ   မရှိနိုင်တော့ကြောင်း ဖေဖော်ဝါရီ ၁၇ ရက်  မွန်းလွဲပိုင်း၌   ပြုလုပ်သော သတင်းစာရှင်းလင်းပွဲ၌ ပြောသည်။ ယခုလို ဒုံးပျံ အောင်မြင်စွာ     လွှတ်တင်ရာ၌      ပါဝင်သူတစ်ဦး တစ်ယောက်ချင်းစီ၏    ကြိုးပမ်းအားထုတ်မှုများ ကို   အမှန်တကယ်ကျေးဇူးတင်ကြောင်း     ၎င်းက ဆက်ပြောသည်။ 
ထို့အပြင် စီမံကိန်းမန်နေဂျာ အိုကာဒါ မာဆာရှီ က  ဝန်ထုပ်ဝန်ပိုးကြီးတစ်ခုကို   လွှတ်တင်လိုက်ရ သလို ခံစားရကြောင်း၊  H3  ဒုံးပျံကို   နှစ်ကြိမ်သာ လွှတ်တင်ခဲ့ရပြီး     အမှန်တကယ်    စိန်ခေါ်မှုများ မရောက်လာသေးကြောင်းနှင့်   H3  ဒုံးပျံကို   ပိုမို ကောင်းမွန်အောင် ဆက်လက်လုပ်ဆောင်လိုကြောင်း ပြောသည်။                         
   
အင်န်အိတ်ချ်ကေ