အသက်မွေးဝမ်းကျောင်းသင်တန်းများ သင်ယူနိုင်ရေးအတွက် လိုအပ်သည့် အရင်းအနှီးများ ထောက်ပံ့ပေးနိုင်ရန် စီစဉ်ဆောင်ရွက်

 

နေပြည်တော်    မေ   ၃၀
သမဝါယမနှင့်  ကျေးလက်ဖွံ့ဖြိုးရေး   ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှမိုးသည် ယမန်နေ့ နံနက် ပိုင်းက ပြည်နယ်ဦးစီးမှူးများ၊ တာဝန်ရှိသူများနှင့် အတူ   ရှမ်းပြည်နယ် (တောင်ပိုင်း)၊ တောင်ကြီးမြို့ရှိ အသေးစား       စက်မှုလက်မှုလုပ်ငန်း        ဦးစီးဌာန၊ ပြည်နယ်ရုံးနှင့်   ရက်ကန်းနှင့်   အသက်မွေးပညာ သင်တန်းကျောင်းသို့   သွားရောက်ပြီး  ဝန်ထမ်းများ၊   သင်တန်းသား/    သင်တန်းသူများနှင့်    တွေ့ဆုံ၍   ဝန်ကြီးဌာန၏ မူဝါဒ၊ ရည်မှန်းချက်၊ ရည်ရွယ်ချက် များ အောင်မြင်ရေး ဦးစီးဌာနအချင်းချင်း ပူးပေါင်း ချိတ်ဆက်    ဆောင်ရွက်ကြရန်၊    သင်တန်းသား/ သင်တန်းသူများ    သန့်ရှင်းသပ်ရပ်   ပျော်ရွှင်စွာဖြင့် အသက်မွေးဝမ်းကျောင်းသင်တန်းများ  သင်ယူနိုင် ရေး   ဆရာ/ ဆရာမများက  ကြီးကြပ်ဆောင်ရွက် ရန်နှင့် သင်တန်းအောင်မြင်ပြီးသူများအား မိမိတို့၏  အတတ်ပညာများဖြင့် ဆက်လက်ရပ်တည်နိုင်ရေး လိုအပ်သည့် အရင်းအနှီး၊ စက်ပစ္စည်းများ ထောက်ပံ့ ပေးနိုင်ရေး စီစဉ်ဆောင်ရွက်ကြရန် မှာကြားသည်။
ထိုမှတစ်ဆင့်      ပြည်ထောင်စုဝန်ကြီးသည် တောင်ကြီးမြို့နယ် နောင်ကားကျေးရွာအုပ်စု ဖောင်မှူး ကျေးရွာတွင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် ကျေးရွာဖွံ့ဖြိုးရေး စီမံကိန်း (VDP) ရန်ပုံငွေဖြင့် ကျေးရွာမူလတန်းကျောင်း  အလျား   ၅၉   ပေ၊   အနံ  ၂၄  ပေ၊  အမြင့်  ၁၂  ပေ ဆောက်လုပ်ပြီးစီးမှုကို ကြည့်ရှုစစ်ဆေးပြီး လိုအပ် သည်များ     ဖြည့်ဆည်း      ဆောင်ရွက်ပေးသည်။ ထို့နောက်    ပြည်ထောင်စုဝန်ကြီးသည်   ကျေးရွာ ကော်မတီဝင်များ၊ ရပ်မိရပ်ဖများနှင့် တွေ့ဆုံကာ ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်း လိုအပ်ချက်များ တင်ပြ မှုအပေါ် ပေါင်းစပ် ဖြည့်ဆည်းပေးသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီး ဦးလှမိုးသည်  မေ ၃၀ ရက် နံနက်ပိုင်းတွင် ပြည်နယ်ဦးစီးမှူးများနှင့် တာဝန်ရှိသူများနှင့်အတူ ရှမ်းပြည်နယ် (တောင်ပိုင်း)၊ တောင်ကြီးမြို့နယ် မိုင်းရှေ့ကျေးရွာအုပ်စု ဟဲကယ် ကျေးရွာတွင် မိုးစပါးဧက ၂၀၀ စိုက်ပျိုးရန် ပံ့ပိုးငွေ များ      ထုတ်ပေးနိုင်ရေး      သမဝါယမအသင်းသား တောင်သူ ၅၀ နှင့် တွေ့ဆုံ၍ ပြည်ထောင်စုဝန်ကြီး က  နိုင်ငံတော်အစိုးရအနေဖြင့် ကျေးလက်နေပြည်သူ များ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေး၊ အလုပ် အကိုင်အခွင့်အလမ်းရရှိရေး၊ မိသားစုဝင်ငွေတိုးပွား ရေး၊ စိုက်ပျိုးမွေးမြူရေး အခြေခံထုတ်ကုန်များ ပိုမို ထုတ်လုပ်နိုင်ရေးအတွက် လိုအပ်သော အရင်းအနှီး ရန်ပုံငွေများ  ထုတ်ပေးခဲ့ပါကြောင်း၊  မိမိတို့ဝန်ကြီး ဌာနက    အဆိုပါရည်မှန်းချက်များ   အောင်မြင်ရေး အားသွန်ခွန်စိုက်    ပါဝင်ဆောင်ရွက်နေပါကြောင်း၊  ယခုအခါ ရှမ်းပြည်နယ် တောင်ကြီးမြို့နယ်အတွင်း  မိုးစပါး ဧက ၂၀၀ စိုက်ပျိုးရန် ပံ့ပိုးငွေများ ထုတ်ပေး ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ အဆိုပါ ငွေများ အစား တောင်သူများ လိုအပ်သည့် မျိုး၊ သွင်းအားစု  ဓာတ်မြေဩဇာများ   ပံ့ပိုးပေးမည်ဖြစ်ပြီး   စီမံကိန်း အောင်မြင်ရေးအတွက် သမဝါယမစနစ်ဖြင့် ဆောင် ရွက်သွားမည်ဖြစ်ကြောင်း၊ သမဝါယမအသင်းအဖွဲ့ စနစ် ဆောင်ရွက်ခြင်းဖြင့် အကျိုးများစွာရရှိနိုင်မည် ဖြစ်ကြောင်း၊   စိုက်နည်းစနစ်များ   မှန်ကန်စေရေး အတွက်  စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာနမှ နည်းပညာများ  ထောက်ပံ့ပေးနိုင်ရေး  ပူးပေါင်းချိတ်ဆက်  ဆောင် ရွက်ပေးမည်ဖြစ်ကြောင်း၊ အထူးမှာကြားလိုသည်မှာ တောင်သူများအနေဖြင့်  ချေးငွေများရယူကာ  မိမိ တို့၏ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ အောင်မြင် အောင်    ကြိုးစားပြီး     မိသားစုဝင်ငွေတိုးပွားကာ လူမှုစီးပွားဘဝများ ပိုမိုဖွံ့ဖြိုးတိုးတက်ရေး၊  နိုင်ငံ တော်ထံမှ     ချေးယူထားသည့်        စိုက်ပျိုးစရိတ် ချေးငွေများ  ပြန်လည်ပေးဆပ်နိုင်ရေးတို့အတွက်    အလေးထား ကြိုးပမ်း ဆောင်ရွက်ကြစေလိုကြောင်း မှာကြားသည်။
ထို့နောက် သမဝါယမဦးစီးဌာန ပြည်နယ်ဦးစီး မှူးက မိုးစပါးဧက ၂၀၀ စိုက်ပျိုးရေး ဆောင်ရွက် မည့် လုပ်ငန်းအစီအမံများနှင့် သမဝါယမအသင်းအဖွဲ့ ဖွဲ့စည်းဆောင်ရွက်ထားမှု အခြေအနေများကိုလည်း ကောင်း၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီး ဌာန  ပြည်နယ်ဦးစီးမှူးက  စီမံကိန်းအောင်မြင်ရေး  ပူးပေါင်းဆောင်ရွက်နေမှုနှင့်     ကျေးရွာဖွံ့ဖြိုးရေး လုပ်ငန်းများ ဆောင်ရွက်ပေးနေမှု အခြေအနေများ ကိုလည်းကောင်း ရှင်းလင်းတင်ပြရာ ပြည်ထောင်စု ဝန်ကြီးက   လိုအပ်သည်များ   မှာကြားခဲ့ကြောင်း သိရသည်။                         သတင်းစဉ်