
နေပြည်တော် ဇန်နဝါရီ ၂၅
နေပြည်တော် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှကြီးမှူး၍ ဇေယျာသီရိမြို့နယ် ကျွန်းရောင်း ကျေးရွာအုပ်စု လေသာ(တောင်)ကျေးရွာတွင် ဖွင့်လှစ်သည့် အသက်မွေးဝမ်းကျောင်းအထောက်အကူပြု အဆင့်မြင့်အပ်ချုပ်စက်သင်တန်းဆင်းပွဲအခမ်းအနားကို ယနေ့ နံနက် ၁၀ နာရီတွင် လေသာ(တောင်)ကျေးရွာ ဘုန်းတော်ကြီးကျောင်း၌ ကျင်းပသည်။
ရှေးဦးစွာ နေပြည်တော် ကောင်စီဥက္ကဋ္ဌ ဒေါက်တာ မောင်မောင်နိုင်နှင့် နေပြည်တော် ကောင်စီအဖွဲ့ဝင်များက လေသာ (တောင်)ကျေးရွာ ဘုန်းတော်ကြီး ကျောင်း၌ သီတင်းသုံးတော်မူ သည့် ဆရာတော် သံဃာတော်များ အား ဖူးမြော်ကြည်ညိုပြီး လှူဖွယ် ပစ္စည်းများ ဆက်ကပ်လှူဒါန်းကြ သည်။
ထို့နောက် နေပြည်တော် ကောင်စီဥက္ကဋ္ဌ ဒေါက်တာ မောင် မောင်နိုင်က သင်တန်းဆင်း အမှာ စကားပြောကြားပြီး သင်တန်း တွင် ပထမထူးချွန်ဆုရ မသဲအိဖြူ ကိုလည်းကောင်း၊ နေပြည်တော် ကောင်စီအဖွဲ့ဝင် ဗိုလ်မှူးကြီး မင်းနောင်က သင်တန်းတွင် ဒုတိယထူးချွန်ဆုရ မမီမီအောင် ကို လည်းကောင်း၊ နေပြည်တော် ကောင်စီအဖွဲ့ဝင် ဦးဇေယျာလင်း က သင်တန်းတွင် တတိယထူးချွန် ဆုရ မသော်တာမြတ်မွန်ကို လည်းကောင်း ဆုများ ပေးအပ် ချီးမြှင့်ကြသည်။
ယင်းနောက် ကျေးလက် ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီး ဌာန ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးမောင်ဝင်းက သင်တန်းဆင်း လက်မှတ်များကို ပေးအပ်ရာ သင်တန်းသူများ ကိုယ်စား သင်တန်းသူနှစ်ဦးက လက်ခံရယူ ကြပြီး ကျေးရွာရပ်မိရပ်ဖ ဦးမြင့် အောင်က ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။
ထို့နောက် နေပြည်တော် ကောင်စီဥက္ကဋ္ဌ ဒေါက်တာ မောင် မောင်နိုင်နှင့် တာဝန်ရှိသူများက အဆင့်မြင့်အပ်ချုပ်စက်သင်တန်း တွင် သင်တန်းသူများ လက်တွေ့ ချုပ်ထားသည့် အဝတ်အထည် များကို လှည့်လည်ကြည့်ရှု အားပေးပြီး သင်တန်းသူများအား ရင်းရင်းနှီးနှီး နှုတ်ဆက်စကား ပြောကြားသည်။
အဆိုပါသင်တန်းသို့ လေသာ (တောင်) ကျေးရွာမှ သင်တန်းသူ ၂၀ တက်ရောက်ပြီး အဆင့်မြင့် အပ်ချုပ်စက်သင်တန်းတွင် ရှပ် အင်္ကျီချုပ်နည်း၊ သုံးလွှာစက်ချုပ် နည်း၊ လေးလွှာစက်ချုပ်နည်း၊ ရင်ဖုံးဖြတ်ဆက်၊ နောက်တွဲ၊ လက်မောင်း၊ လုံးကွက်အင်္ကျီ သင်ကြားခြင်း၊ သင်္ဘောသားလျှာ သင်ကြားခြင်း၊ ဖောက်အိတ်ကပ် သင်ကြားခြင်းနှင့် 3 MIN ၊ 4 MIN သင်ကြားခြင်း စုစုပေါင်း ခုနစ်မျိုး ကို တစ်လကြာ သင်ကြားပို့ချပေးခဲ့ ကြောင်း သိရသည်။
သတင်းစဉ်