အသက်(၆)လမှ (၃)နှစ်အရွယ် ကလေးသူငယ် ပြုစုစောင့်ရှောက်သူများအတွက် ရှေးဦးအရွယ်ကလေး သူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာအခြေခံ သင်တန်းဆင်းပွဲကျင်းပ

 

နေပြည်တော်  အောက်တိုဘာ ၂၁ 


ပြည်ထောင်စု         နယ်မြေ နေပြည်တော်အတွင်းရှိ    ဝန်ကြီး ဌာနများတွင်    နေ့ကလေးထိန်း ဌာနများ    ဖွင့်လှစ်နိုင်ရန် ရည်ရွယ် ဖွင့်လှစ်ခဲ့သည့်  အသက်(၆)လမှ (၃)နှစ်အရွယ်    ကလေးသူငယ် ပြုစုစောင့်ရှောက်သူများအတွက် ရှေးဦးအရွယ်ကလေးသူငယ်ပြုစု ပျိုးထောင်ရေးနှင့်     ဖွံ့ဖြိုးရေး ဆိုင်ရာအခြေခံသင်တန်း သင်တန်း ဆင်းပွဲအခမ်းအနားကို     ယနေ့ နံနက်ပိုင်းက     လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာန   ဝန်ကြီးရုံး စုပေါင်းခန်းမ၌ ကျင်းပသည်။

 


သင်တန်းဆင်းပွဲတွင် ဒုတိယ ဝန်ကြီး    ဦးအောင်ထွန်းခိုင်က သင်တန်းတက်ရောက်ပြီးသူများ အနေဖြင့်   သက်ဆိုင်ရာဌာနများ တွင်  ကလေးပြုစု   စောင့်ရှောက် ရေးဆိုင်ရာ   Resource Person များအဖြစ်    သင်ယူခဲ့ရသည့်ပို့ချ ချက်များအပေါ် လက်တွေ့အသုံးချ သွားရန်နှင့်   ဆက်လက်လေ့လာ သွားရန်လိုကြောင်း၊ မိမိတို့ဝန်ကြီး ဌာနများရှိ  ဝန်ထမ်းများ၏ သား/သမီးငယ်များကို   စနစ်တကျပြုစု စောင့်ရှောက်မှုမှတစ်ဆင့်  ကာယ၊ ဉာဏ၊     စာရိတ္တ၊   ပေါင်းသင်း ဆက်ဆံရေး    ဖွံ့ဖြိုးမှုရရှိစေသည့် လုပ်ငန်းစဉ်       ဖြစ်သောကြောင့် နေ့ကလေးထိန်း        ဌာနများကို ဝန်ကြီးဌာနများတွင်     တိုးချဲ့ ဖွင့်လှစ်နိုင်မည်ဟု    ယုံကြည် ပါကြောင်း ပြောကြားသည်။

 


ထို့နောက်  သင်တန်းသားများ ကို      သင်တန်းဆင်းလက်မှတ် ချီးမြှင့်ပေးပြီး       သင်တန်းသူ တစ်ဦးက      ကျေးဇူးတင်စကား ပြောကြားသည်။

 


ဆက်လက်၍ မူးယစ်ဆေးဝါး နှင့်     စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ် တားဆီး ကာကွယ်ရေး        ဗဟိုအဖွဲ့၏ ပြန်လည်    ထူထောင်ရေးအဖွဲ့ လုပ်ငန်းညှိနှိုင်း   အစည်းအဝေး (၁/၂၀၂၂)ကို ပြန်လည်ထူထောင် ရေးဦးစီးဌာန     အစည်းအဝေး ခန်းမ၌ ကျင်းပရာ ဒုတိယဝန်ကြီး က ပြန်လည်ထူထောင်ရေးအဖွဲ့၏ လုပ်ငန်းတာဝန်များအရ  လုပ်ငန်း များ     ထိရောက်အောင်မြင်စွာ ဆောင်ရွက်နိုင်ရန်     မူဝါဒနှင့် လုပ်ငန်းအစီအစဉ်များ    ရေးဆွဲ ခြင်း၊ ပေါင်းစပ်ဆောင်ရွက်ခြင်း၊ မူးယစ်ဆေးစွဲလူနာများကို စိတ်ပိုင်း ဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ ပြန်လည် ထူထောင်ရေး           လုပ်ငန်းများ ဆောင်ရွက်ခြင်း၊   သက်မွေးဝမ်း ကျောင်း    ပညာရပ်များ သင်ကြား ပေးခြင်း၊ နောက်ဆက်တွဲ  စောင့် ရှောက်မှုများ ဆောင်ရွက်ပေးခြင်း၊ စခန်းအခြေပြု        ပြန်လည် ထူထောင်ရေးလုပ်ငန်းနှင့်  ရပ်ရွာ အခြေပြု ပြန်လည်ထူထောင်ရေး လုပ်ငန်းများ    ဆောင်ရွက်ခြင်း၊ မူးယစ်ဆေးစွဲ  ကုသရေးဌာနများ နှင့် ပြန်လည်ထူထောင်ရေးစခန်း များ ချိတ်ဆက်၍ ဆေးဖြတ်ပြီးသူ များကို ပြန်လည်ထူထောင်ပေးနိုင် ရေးဆောင်ရွက်ခြင်း၊  မူးယစ်ဆေး ဖြတ်ကုသမှု       ခံယူပြီးသူများကို စခန်းအခြေပြု        ပြန်လည် ထူထောင်ရေး   သင်တန်းများနှင့် ရပ်ရွာအခြေပြု         ပြန်လည် ထူထောင်ရေး     သင်တန်းများ ဖွင့်လှစ်ပြီး     သင်တန်းသားများ လက်ခံခြင်း၊ သင်တန်းသားများ၏ ကိုယ်ရေး    အချက်အလက်များ ကောက်ယူခြင်းနှင့်   ရပ်ရွာလူထု အသိုင်းအဝိုင်းအတွင်း  ပြန်လည် ဝင်ဆံ့နိုင်ရေးအတွက်   နောက် ဆက်တွဲ   စောင့်ရှောက်မှုများကို ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ မူးယစ်ဆေး        ဖြတ်ပြီးသူများ ပြန်လည်ထူထောင်ရေးစခန်းများ အတွက်     စံလုပ်ငန်းလမ်းညွှန် စာအုပ်ကို         ရေးဆွဲလျက်ရှိပြီး အတည်ပြုချက်ရရှိပါက   မူးယစ် ဆေးဖြတ်ပြီးသူများ   စခန်းများ တွင် အဆိုပါစာအုပ်ကို လက်တွေ့ အသုံးပြုသွားမည်     ဖြစ်ကြောင်း ပြောကြားသည်။

 


ထို့နောက်          ပြန်လည် ထူထောင်ရေးဦးစီးဌာန  ညွှန်ကြား ရေးမှူးချုပ်က   လုပ်ငန်းဆောင် ရွက်ချက်များကိုတင်ပြပြီး အစည်း အဝေး   တက်ရောက်သူများက လိုအပ်ချက်များကို ဆွေးနွေးခဲ့ကြ ကြောင်း  သိရသည်။  

သတင်းစဉ်