အသက် ၁ နှစ်ခွဲအောက် ကလေးငယ်များအား  ရောဂါကာကွယ်ဆေးများ ထိုးနှံ၊ တိုက်ကျွေး

 

 

နေပြည်တော်  မေ   ၁၀ 
အရှေ့တောင်တိုင်းစစ်ဌာနချုပ် မော်လမြိုင်တပ်နယ်ရှိ မွေးကင်းစမှ အသက် ၁ နှစ်ခွဲအောက် ကလေးငယ်များအား ကာကွယ်ဆေးထိုးနှံ၊တိုက်ကျွေးခြင်းကို ယနေ့နံနက်ပိုင်းက တိုင်းစစ်ဌာနချုပ် အောင်ဆန်း ခန်းမ၌ ပြုလုပ်ရာ တိုင်းမှူး ဗိုလ်ချုပ် ကိုကိုမောင်နှင့် တာဝန်ရှိသူများက သွားရောက်ကြည့်ရှုအားပေးကြသည်။
မွေးကင်းစမှ အသက် ၁ နှစ်ခွဲအောက် ကလေးငယ်  ၆၃ ဦးတို့ကို နယ်မြေခံတပ်မတော်ဆေးရုံမှ  ကလေးပါရဂူများ၊   သူနာပြုများနှင့် ကျန်းမာရေးဝန်ထမ်းများက  ဘီစီဂျီ ကာကွယ်ဆေး၊ ဝက်သက်နှင့် ဂျိုက်သိုးရောဂါ  ကာကွယ်ဆေး၊ ပြင်းထန်အဆုတ်ရောင်ရောဂါ ကာကွယ် ဆေး၊ ပိုလီယိုရောဂါ ကာကွယ်ဆေး၊ အသည်းရောင်/ အသားဝါရောဂါ ကာကွယ်ဆေး၊    ဂျပန်ဦးနှောက်ရောင်ကာကွယ်ဆေး၊   ဝမ်းပျက်/ ဝမ်းလျှောရောဂါ ကာကွယ်ဆေးနှင့် ၅ မျိုးစပ် ကာကွယ်ဆေးများကို ထိုးနှံတိုက်ကျွေးခဲ့ကြောင်း သိရသည်။                           သတင်းစဉ်