အသိသတိဖြင့် ထိန်းသိမ်းဆောင်ရွက်

လက်ရှိအချိန်တွင် ကိုဗစ်-၁၉ ရောဂါ တတိယလှိုင်း ကူးစက်မှုသည် မြင့်မားလာသည့် အနေအထားတွင်ရှိပြီး ရောဂါဗီဇ ၂ မျိုး၊ ၃ မျိုးကွဲပြားလျက်ရှိသည်ကို တွေ့ရှိနေရကြောင်း၊ ကူးစက်ပြန့်ပွားမှုနှုန်းအနေဖြင့်လည်း ၂ ဆမှ ၄ ဆ၊ ၄ ဆမှ ၈ ဆအထိ မြန်ဆန်မှုရှိနေသည်ကို တွေ့ရှိရကြောင်း၊ ရောဂါ ကာကွယ်ထိန်းချုပ် ကုသရေးလုပ်ငန်းများကို ဗဟိုမှ ဆောင်ရွက်လျက်ရှိသကဲ့သို့ တိုင်းဒေသကြီးနှင့် ပြည်နယ် အသီးသီးတွင်လည်း အင်တိုက်အားတိုက် ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း၊ လူဦးရေ ထူထပ် သိပ်သည်းသည့်ဒေသများတွင် အထူးဂရုပြု အလေးထားဆောင်ရွက် ကြရန် လိုအပ်မည်ဖြစ်သော်လည်း အစိုးရိမ်လွန်ကဲမှုမဖြစ်စေရန် အသိသတိဖြင့် ထိန်းသိမ်းဆောင်ရွက်ကြရမည်ဖြစ်ကြောင်း။


(နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ၂၃-၇-၂၀၂၁ ရက်နေ့တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ ညှိနှိုင်းအစည်းအဝေး၌ ပြောကြားသည့် အမှာစကားမှ ကောက်နုတ်ချက်)