အသိပေးနှိုးဆော်ချက်

 

၁။     ရန်ကုန်တိုင်းဒေသကြီးအတွင်း        သီတင်းကျွတ်ကာလတွင် ဗြောက်အိုး၊ မီးရှူးနှင့် မီးဒုံး(ရှူးဒိုင်း)များကို ထုတ်လုပ်ရောင်းချခြင်း၊ ဖြန့်ဖြူးခြင်း၊ ပစ်ဖောက်ခြင်းများ မရှိစေ‌ရေးအတွက် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှ  သတိပေးနှိုးဆော်ချက်များ   နှစ်စဉ်ထုတ်ပြန် လျက်ရှိပါသည်။

 


၂။    ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ခရိုင်/မြို့နယ်များ၌ သီတင်း ကျွတ်ပွဲတော်ကာလတွင် ဗြောက်အိုး၊ မီးရှူးနှင့် မီးဒုံး(ရှူးဒိုင်း)များကို ပစ်ဖောက်မှုများကြောင့်    ပြည်သူများ  အထိတ်တလန့်ဖြစ်စေခြင်း၊ မသမာသူများမှ ရပ်ရွာအေးချမ်းသာယာရေးနှင့် လုံခြုံရေးကို ထိခိုက် အောင်   ပြုလုပ်လာနိုင်ခြင်းတို့ကြောင့်   ဗြောက်အိုး၊  မီးရှူးနှင့် မီးဒုံး (ရှူးဒိုင်း)များကို   ရောင်းချခြင်း၊  ဖြန့်ဖြူးခြင်း၊  ပစ်ဖောက်ခြင်းများ မပြုလုပ်ကြရန်နှင့်   လိုက်နာခြင်းမရှိပါက  တည်ဆဲဥပဒေများအရ ထိရောက်စွာ    အရေးယူသွားမည်ဖြစ်ကြောင်း  အသိပေးနှိုးဆော် အပ်ပါသည်။    


ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့