
၂၀၂၁ ခုနှစ်၊ အောက်တိုဘာလ ၁၄ ရက်
၁။ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည် နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ၏ ချမှတ်ထားသော ရှေ့လုပ်ငန်းစဉ်(၅) အရ လွတ်လပ်ပြီးတရားမျှတသော ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲကို ပြန်လည်ကျင်းပပေးရမည်ဖြစ်ပါသည်။ လာမည့် ရွေးကောက်ပွဲတွင် ပြောင်းလဲလာသည့် ခေတ်အခြေအနေအရ သင့်လျော်သည့် ရွေးကောက်ပွဲစနစ်မျိုးကို ကျင့်သုံး ဆောင်ရွက်နိုင်ရန် အတွက် အချိုးကျကိုယ်စားပြုစနစ်(PR) အပါအဝင် ပြောင်းလဲကျင့်သုံး သင့်သည့် ရွေးကောက်ပွဲစနစ်များနှင့်စပ်လျဉ်း၍ နိုင်ငံရေးပါတီများ၊ စိတ်ပါဝင်စားသည့် အရပ်ဘက်လူမှုအဖွဲ့အစည်းများနှင့် တွေ့ဆုံ ဆွေးနွေးပွဲကို ၂၀၂၁ ခုနှစ်၊ နိုဝင်ဘာလ ပထမပတ်အတွင်း ရန်ကုန် မြို့၌ ကျင်းပပြုလုပ်မည် ဖြစ်ပါသည်။
၂။ အဆိုပါတွေ့ဆုံဆွေးနွေးပွဲသို့ အချိုးကျကိုယ်စားပြုစနစ် (PR) နှင့် စပ်လျဉ်း၍ စိတ်ပါဝင်စားသူများ (မည်သူမဆို) ပါဝင် တက်ရောက်ဆွေးနွေးနိုင်မည်ဖြစ်ပါသည်။ ဆွေးနွေးလိုသည့် ပုဂ္ဂိုလ် များအနေဖြင့် အောက်ပါအချက်အလက်များအား ၁-၁၁- ၂၀၂၁ ရက် နေ့ နောက်ဆုံးထား၍ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံး၊ ရွေးကောက်ပွဲဌာန၏ ဖုန်း၊ ၀၆၇ -၃၄၀၄၂၃၃၊ ၀၆၇- ၃၄၀၄၂၂၄၊ dep.election@e-uec.gov.mm သို့မဟုတ် ရန်ကုန်တိုင်းဒေသကြီး ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး၏ ဖုန်း၊ ၀၁- ၂၃၀၆၂၅၀ ၊ ၀၁- ၂၃၀၆၂၉၃ တို့သို့ ဆက်သွယ်ပေးပို့နိုင်ပါကြောင်း အသိပေးကြေညာ အပ်ပါသည် -
(က) တက်ရောက်ဆွေးနွေးမည့်သူအမည်
( ခ ) အလုပ်အကိုင်
( ဂ ) နေရပ်လိပ်စာ (ဆက်သွယ်ရမည့် ဖုန်းနံပါတ်)
(ဃ) ဆွေးနွေးမည့်စာတမ်း (Hard Copy/ Soft Copy)
မှတ်ချက်။ ဆွေးနွေးပွဲကျင်းပမည့် နေ့ရက်၊ အချိန်နှင့် နေရာကို ထပ်မံအကြောင်းကြားပေးမည်ဖြစ်ပါသည်။
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်