
၁။ နိုင်ငံခြားသုံးငွေစီမံခန့်ခွဲမှုဥပဒေ၊ နိုင်ငံခြားသုံးငွေစီမံခန့်ခွဲမှုစည်းမျဉ်းနှင့် မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ အမိန့်ကြော်ငြာစာအမှတ် (၄၆/၂၀၂၁) တို့အရ ပို့ကုန်တင်ပို့သူသည် ပို့ကုန်ရငွေကို ပို့ကုန်တင်ပို့သည့်နေ့မှ (၃) လအတွင်း နိုင်ငံတော်အတွင်းရှိ ယင်း၏ဘဏ်ငွေ စာရင်းသို့ နိုင်ငံခြားသုံးငွေဖြင့် မပျက်မကွက် ထည့်သွင်းရမည်ဖြစ်ကြောင်းကို ထုတ်ပြန်ကြေညာထားပြီးဖြစ်ပါသည်။
၂။ မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ ထုတ်ပြန်ထားသော အမိန့်ညွှန်ကြားချက်များအား လိုက်နာဆောင်ရွက်ခဲ့ခြင်းမရှိသည့် ၂၀၂၁ ခုနှစ်တွင် ပို့ကုန်လုပ်ငန်းဆောင်ရွက်ခဲ့သော ကုမ္ပဏီ (၃၄၆) ခုအား ပို့ကုန်သွင်းကုန်လုပ်ငန်းရှင်မှတ်ပုံတင်လက်မှတ် ပိတ်သိမ်း၍ အရေးယူဆောင်ရွက် ခဲ့ပြီးဖြစ်ပါသည်။
၃။ သို့ဖြစ်ပါ၍ ပို့ကုန်တင်ပို့သည့် ကုမ္ပဏီများအနေဖြင့် ပို့ကုန်ရငွေများကို မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ ထုတ်ပြန်ထားသောကာလအတွင်း ဝင်ရောက်ခြင်းမရှိပါက ပို့ကုန်သွင်းကုန်လုပ်ငန်းရှင်မှတ်ပုံတင်လက်မှတ်အား ပိတ်သိမ်းသည်အထိ အရေးယူဆောင်ရွက်သွားမည်ဖြစ်ပါ ကြောင်း အသိပေးကြေညာအပ်ပါသည်။
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန
( ၆ - ၅ - ၂၀၂၂ )