
ရက်စွဲ၊ ၂၀၂၂ ခုနှစ်၊ ဧပြီလ ၈ ရက်
၁။ ပို့ကုန်သွင်းကုန်လုပ်ငန်းရှင်များမှ (၃၁-၃-၂၀၂၂) ရက်နေ့ မတိုင်မီ ပင်လယ်ရေကြောင်း၊ လေဆိပ်တို့မှ သွင်းကုန်လိုင်စင်လျှောက်ထားမှု များအပေါ် ခွင့်ပြုထုတ်ပေးရန်ကျန်ရှိသည့် သွင်းကုန်လိုင်စင်များအား ကုန်သွယ်ရေးဦးစီးဌာနမှ (၉-၄-၂၀၂၂) ရက်နေ့မှစ၍ Myanmar Rtadenet 2.0 စနစ်ဖြင့် နှစ်ကူးသင်္ကြန်ရုံးပိတ်ရက်များတွင် စိစစ်၍ ခွင့်ပြုထုတ်ပေးသွားမည်ဖြစ်ပါသည်။
၂။ သွင်းကုန်လိုင်စင်များ လျှောက်ထားခြင်း ကိစ္စရပ်များနှင့် ပတ်သက်၍ အခက်အခဲတစ်စုံတစ်ရာရှိပါက ပိတ်ရက်ရုံးချိန်အတွင်း အောက်ဖော်ပြပါ ဖုန်းနံပါတ်နှင့် e-mail လိပ်စာသို့ ဆက်သွယ် အကူအညီတောင်းခံနိုင်ပါကြောင်း အသိပေးကြေညာအပ်ပါသည်-
(က) 067-3408710, 067-3408487 / 095024821 (dobti mpheadoffice @ gmail.com) (ပို့/ သွင်းရုံး၊ နေပြည်တော်)
(ခ) 01-8254536 / 09457106339 (ygnimport2019@gmail.com) (ပို့/သွင်းရုံး၊ ရန်ကုန်)
ကုန်သွယ်ရေးဦးစီးဌာန