အသေးစား၊ အငယ်စားနှင့် အလတ်စားလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ခရီးသွားလုပ်ငန်းမှ အခွင့်အလမ်းများပေးနိုင် မြန်မာ-ရုရှား သံတမန်ဆက်ဆံရေး(၇၆)နှစ်ပြည့်အထိမ်းအမှတ်အဖြစ် စိန့်ပီတာစဘတ်-မြန်မာခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးဆွေးနွေး

 

နေပြည်တော်  ဖေဖော်ဝါရီ  ၂၀


မြန်မာနိုင်ငံတွင် ခရီးသွားလုပ်ငန်း ဆိုင်ရာ  MSMEs  များ   ဖွံ့ဖြိုး တိုးတက်ရေးအလုပ်ရုံဆွေးနွေးပွဲ ကို     ယနေ့    နံနက်ပိုင်းက နေပြည်တော်ရှိ တုံဂပူရိဟိုတယ်၌ ကျင်းပရာ ဟိုတယ်နှင့်ခရီးသွား လာရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာသက်သက်ခိုင်၊ ဒုတိယဝန်ကြီး    ဦးဖြိုးဇော်စိုး၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြား ရေးမှူးချုပ်များ၊  ဆက်စပ်ဝန်ကြီး ဌာနများမှ      တာဝန်ရှိသူများ၊ MSMEs        လုပ်ငန်းရှင်များ တက်ရောက်ကြပြီး  အာဆီယံ- ဂျပန်စင်တာမှ   တာဝန်ရှိသူများ က    အွန်လိုင်းမှ   တက်ရောက် ကြသည်။


အခမ်းအနားတွင်     ပြည် ထောင်စုဝန်ကြီးက   ဝန်ကြီးဌာန အနေနှင့်   ၂၀၂၃   ခုနှစ်တွင် အာဆီယံ-ဂျပန်စင်တာမှ  “ခရီး သွားလုပ်ငန်းဆိုင်ရာ    MSMEs  လုပ်ငန်းများ   ဖွံ့ဖြိုးတိုးတက်မှု” နှင့်      “လူ့စွမ်းအားအရင်းအမြစ်  ဖွံ့ဖြိုးတိုးတက်မှု”တို့နှင့်စပ်လျဉ်းသော  စီမံကိန်းနှစ်ခုကို  ရရှိထား ကြောင်း၊ ယင်းစီမံကိန်းများအနေ ဖြင့် ပြည်တွင်း MSMEs လုပ်ငန်း များအတွက်   အကျိုးဖြစ်ထွန်း နိုင်သော   စီးပွားရေးအသိအမြင် များနှင့်   ကွန်ရက်ချိတ်ဆက်မှု အခွင့်အလမ်းများကို  ဖန်တီးပေး ရန်  ရည်ရွယ်ကြောင်း၊   ခရီးသွား လုပ်ငန်းသည်   ကမ္ဘာတစ်ဝန်း စီးပွားရေး        ဖွံ့ဖြိုးတိုးတက်မှု အတွက်  အရေးပါသောကြောင့် ရေရှည်တည်တံ့ခိုင်မြဲရန် လိုအပ် ကြောင်း၊ အသေးစား၊ အငယ်စား နှင့်    အလတ်စားလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ခရီး သွားလုပ်ငန်းမှ အခွင့်အလမ်းများ ပေးနိုင်ကြောင်း၊  ခရီးသွားလုပ်ငန်း သည်  ကမ္ဘာတစ်ဝန်းတွင် အလုပ် အကိုင်ပေါင်း သန်း  ၃၂၀ ကျော် ဖန်တီးပေးပြီး ကမ္ဘာ့ GDP ၏ ၁၀ ရာခိုင်နှုန်းကို ကိုယ်စားပြုသည်ဟု ကမ္ဘာ့ခရီးသွား      လုပ်ငန်းအဖွဲ့ အချုပ်၏ အစီရင်ခံစာတွင်တွေ့ရှိရ ကြောင်း၊ MSMEs လုပ်ငန်းများ သည် နိုင်ငံ၏ အနာဂတ်စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုအတွက်  အဓိက မောင်းနှင်အား         ဖြစ်ကြောင်း၊ MSMEs လုပ်ငန်းများ အောင်မြင် ရန် ငွေကြေး၊ လူသားအရင်းအနှီး၊ လုပ်ငန်း         ကွန်ရက်များနှင့် ဈေးကွက်တို့       ရရှိမှုပေါ်တွင် မူတည်လျက်ရှိကြောင်း၊ MSMEs လုပ်ငန်းများကို ပံ့ပိုးပေးခြင်းဖြင့် ရေရှည်တည်တံ့သော  ခရီးသွား လုပ်ငန်း     ဖော်ဆောင်ရေးကို အထောက်အကူပြုနိုင်မည်   ဖြစ် ကြောင်း ပြောကြားသည်။ 
ထို့နောက်   အာဆီယံ-ဂျပန် စင်တာမှ Programme Director Mr. Chairat Liengkajornkiet က    အမှာစကားပြောကြား၍ စုပေါင်းမှတ်တမ်းတင်  ဓာတ်ပုံ ရိုက်ကြသည်။


ယင်းနောက် ဟိုတယ်နှင့်ခရီး သွားလာရေး        ဝန်ကြီးဌာန၊ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုး ရေးဝန်ကြီးဌာနနှင့် စက်မှုဝန်ကြီး ဌာနတို့မှ     ဘာသာရပ်ဆိုင်ရာ အဆင့်မြင့်   အရာရှိကြီးများက  ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက် ရေးတွင် MSMEs လုပ်ငန်းများ၏ အခန်းကဏ္ဍ၊   လုပ်ငန်းစဉ်များ၊ ငွေကြေးနှင့် ဈေးကွက်ရှာဖွေရေးဆိုင်ရာကိစ္စရပ်များနှင့်စပ်လျဉ်း၍ ရှင်းလင်းဆွေးနွေးကြပြီး အလုပ်ရုံ ဆွေးနွေးပွဲသို့ တက်ရောက်သူများ သည်  အဖွဲ့လိုက်ခွဲ၍  ဆွေးနွေးမှု များ ပြုလုပ်ကြသည်။
မွန်းလွဲပိုင်းတွင် ပြည်ထောင်စု ဝန်ကြီးသည်    မြန်မာ - ရုရှား သံတမန်ဆက်ဆံရေး (၇၆) နှစ် ပြည့်   အထိမ်းအမှတ်အနေဖြင့် ကျင်းပပြုလုပ်သော  စိန့်ပီတာစ ဘတ်-မြန်မာ   ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးဆွေးနွေးပွဲသို့ အွန်လိုင်းမှ တက်ရောက်၍ အမှာ စကားပြောကြားသည်။


ဆွေးနွေးပွဲသို့   စိန့်ပီတာစ ဘတ် နိုင်ငံခြားရေးဝန်ကြီးဌာနမှ အကြီးအကဲ    Mr.   Vladimir Zapevalov၊    စိန့်ပီတာစဘတ် ပြည်ပဆက်ဆံရေး   ကော်မတီ ဒုတိယဥက္ကဋ္ဌ မစ္စတာဗီချယ်စလာ့ ကဘ်ဂါနိုဗ့်၊  ရုရှားဖက်ဒရေးရှင်း နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးသစ်လင်းအုံး၊  စိန့်ပီတာစဘတ် ကောင်စစ်ဝန်ချုပ်   ဦးအောင်ဖေ သက်၊ စိန့်ပီတာစဘတ် တရားရေး ဆိုင်ရာဌာနမှ ဒုတိယဥက္ကဌ  Mr. Nikolay Bondarenko တို့က Hybrid စနစ်ဖြင့်   တက်ရောက် ကြပြီး     မြန်မာနိုင်ငံဆိုင်ရာ ရုရှားသံအမတ်ကြီး Mr. Iskander Azizov  က  video  message ပေးပို့သည်။
ဆွေးနွေးပွဲတွင် ပြည်ထောင်စု ဝန်ကြီးက ရုရှား- မြန်မာနှစ်နိုင်ငံ ချစ်ကြည်ရင်းနှီးမှုနှင့်    ပူးပေါင်း ဆောင်ရွက်ရွက်မှုများ တိုးမြှင့်ရေးဆောင်ရွက်လျက်ရှိသည့်   အခြေ အနေများ၊  ရုရှားဖက်ဒရေးရှင်း နိုင်ငံမှ   ခရီးသွားလုပ်ငန်းရှင်များ အတွက် ခရီးသွားလုပ်ငန်းဆိုင်ရာ အချက်အလက်များကို  ပံ့ပိုးပေး သွားမည့် အခြေအနေများ၊ ရုရှားဖက်ဒရေးရှင်းနိုင်ငံတွင်ကျင်းပပြုလုပ်မည့်  နိုင်ငံတကာခရီးသွားပြပွဲ များတွင်  မြန်မာနိုင်ငံကိုယ်စားပြု ခရီးသွားပြခန်းများ    ပါဝင်ပြသ သွားနိုင်ရေးဆိုင်ရာ ကိစ္စရပ်များ၊  မြန်မာနိုင်ငံ၏  ခရီးစဉ်ဒေသများ မြှင့်တင်ကြော်ငြာရေး   ဆိုင်ရာ ကိစ္စရပ်များ၊  မြန်မာ- ရုရှား နှစ် နိုင်ငံ   ခရီးသွားလုပ်ငန်းမြှင့်တင် ရေးအတွက်   ပူးပေါင်းဆောင်ရွက် ရေးဆိုင်ရာ      ကိစ္စရပ်များကို ဆွေးနွေးပြောကြားပြီး  ခရီးသွား မြှင့်တင်ရေး  ဗီဒီယိုဖိုင်ကို  ပြသ သည်။
 ထို့နောက်       ဆွေးနွေးပွဲ သို့ တက်ရောက်လာကြသူများက သက်ဆိုင်ရာ       ကဏ္ဍအလိုက် ဆွေးနွေးကြပြီး စုပေါင်းမှတ်တမ်း တင် ဓာတ်ပုံရိုက်ကြသည်။ 

သတင်းစဉ်