
ဥတ္တရသီရိ ဇူလိုင် ၂၉
ပြည်ထောင်စုနယ်မြေ နေပြည် တော် ဥတ္တရသီရိမြို့နယ်အတွင်းရှိ အသေးစား၊ အလတ်စား လုပ်ငန်းရှင်များနှင့် တွေ့ဆုံပွဲ အခမ်းနားကို ဇူလိုင် ၂၈ ရက် မွန်းလွဲ ၂ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်း အဝေးခန်းမ၌ကျင်းပသည်။
အဆိုပါ အခမ်းအနားတွင် နေပြည်တော်ကောင်စီ အဖွဲ့ဝင် ဦးဇေယျာလင်းက အုတ်လုပ်ငန်း ရှင်များ၊ လယ်ယာစိုက်ပျိုးရေး လုပ်ငန်း လုပ်ကိုင်လျက်ရှိသော တောင်သူများ၊ စက်မှုလယ်ယာ လုပ်ငန်းရှင်များ၊ ဆန်စက်နှင့် ဆီစက်လုပ်ငန်းရှင်များ တွေ့ကြုံ ရသည့် အခက်အခဲများ၊ လိုလား ချက်များအတွက် တင်ပြချက်များ အပေါ် မှတ်တမ်းတင်ထားရှိပြီး သက်ဆိုင်ရာ ဌာနများဖြင့် ပေါင်းစပ်ဆောင်ရွက်ပေးနိုင်ရေး တွေ့ဆုံဆွေးနွေးရခြင်း ဖြစ်ကြောင်း၊ အသေးစား၊ အလတ်စားလုပ်ငန်း များအနေဖြင့် ကုန်ကြမ်းရရှိမှသာ လည်ပတ်နိုင်မည် ဖြစ်သဖြင့် ပြည်တွင်းမှ ကုန်ကြမ်းများရရှိနိုင် ရေး ဦးစားပေး ဆောင်ရွက်သွားရန် လိုကြောင်း၊ ပြည်သူများအတွက် အလုပ်အကိုင် ဖန်တီးပေးနိုင်မှု၊ လုပ်ငန်းများ အနေဖြင့်လည်း ထိုက်သင့်သည့် ဝင်ငွေရရှိရေး၊ နိုင်ငံတော်အတွက် ရသင့်ရထိုက် သည့် အခွန်ဘဏ္ဍာငွေများ အပြည့်အဝရရှိရေးတို့ကို အခြေပြု ပြီး စိစစ်ကြပ်မတ်ခြင်းသာမက ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများ အဆင်ပြေ ချောမွေ့စွာလည်ပတ် ဆောင်ရွက်နိုင်ရေး သက်ဆိုင်ရာ ဌာနများနှင့် ချိတ်ဆက်ပူးပေါင်း ဆောင်ရွက်ရေးများကို တိုက်တွန်း ပြောကြားခဲ့ကြောင်းသိရသည်။
အောင်မျိုးဝင်း(ပြန်/ဆက်)