
အာဆီယံဒေသတွင်း ICT နည်းပညာဆိုင်ရာ တီထွင်ဆန်းသစ်မှု များအတွက် အာဆီယံနိုင်ငံများအကြား ၂၀၁၂ ခုနှစ်မှ စတင်ကျင်းပ ခဲ့သည့် ASEAN ICT Awards ပြိုင်ပွဲကို ယခု ၂၀၂၁ ခုနှစ်တွင် မြန်မာနိုင်ငံက အလှည့်ကျအိမ်ရှင် အဖြစ် စီစဉ်ကျင်းပမည်ဖြစ်ရာ ပါဝင်ယှဉ်ပြိုင်လိုသူများအား မြန်မာနိုင်ငံ ကွန်ပျူတာအသင်းချုပ်က ဖိတ်ခေါ်ထားသည်။
ပြိုင်ပွဲတွင် အမျိုးအစား ခြောက်မျိုး ပါဝင်ယှဉ်ပြိုင်နိုင်ပြီး ယင်းတို့မှာ (၁) The Public Sector (အများပြည်သူနှင့် အစိုးရဌာန များ အကြား ဆက်သွယ်ဆောင်ရွက်ပေးနိုင်သော ဆော့ဖ်ဝဲ/ဟာ့ဒ်ဝဲ ထုတ်ကုန်များနှင့် e-Govern- ment အက်ပလီကေးရှင်းများ)၊ (၂) The Private Sector(ကုမ္ပဏီများနှင့် စက်မှု၊ စီးပွားရေး၊ ကျန်းမာရေး၊ ဆက်သွယ်ရေး၊ ခရီးသွားလုပ်ငန်း စသည့် လုပ်ငန်းများတွင်သုံးရန် ဆော့ဖ်ဝဲ များ)၊ (၃)Corporate Social Responsibility-CSR (လူမှုအဖွဲ့အစည်းများ အသုံးပြုရန်နှင့် ပြည်သူများ လူနေမှုဘဝ တိုးတက်ရန် ရည်ရွယ် ရေးသားထားသော ဆော့ဖ်ဝဲများ) (၄) Digital Content (ရုပ်ပုံများ၊ စာများ၊ အသံများနှင့် ဗီဒီယိုများကို ဒစ်ဂျစ် တယ်သို့ ပြောင်းလဲခြင်း ဆိုင်ရာ Multimedia ဆော့ဖ်ဝဲများ)၊ (၅) Start-up(နည်းပညာဆိုင်ရာ ဆော့ဖ်ဝဲနှင့် ဟာ့ဒ်ဝဲများ ထုတ်လုပ်ရန် ကြိုးပမ်းနေသည့် ကုမ္ပဏီငယ်များ)နှင့် (၆) Research and Develop- ment(ဈေးကွက်လိုအပ်ချက်ကို ဖြည့်ဆည်းနိုင်ရန် လုပ်ဆောင် နေသည့် လုပ်ငန်းစဉ်များ၊ ထုတ်ကုန်များနှင့် ဝန်ဆောင်မှုများ နှင့် ပတ်သက်သည့် သုတေသနပြုလုပ်ချက်များ) ဖြစ် သည်။
ပြိုင်ပွဲကို အဆင့်လေးဆင့် ပြုလုပ်မည်ဖြစ်ပြီး ပထမအဆင့်တွင် ယှဉ်ပြိုင်မည့်သူများသည် ပြိုင်ပွဲဝင် အချက်အလက်များကို (https://aseanictaward.org.mm) ဝက်ဘ်ဆိုက်တွင် သက်ဆိုင်ရာနိုင်ငံအလိုက် တာဝန်ရှိသူမှတစ်ဆင့် ပေးပို့ လျှောက်ထားရမည် ဖြစ်သည်။ ဒုတိယ အဆင့်တွင် အာဆီယံ နိုင်ငံများမှ ဒိုင်များနှင့် တတိယအဆင့်တွင် Short List ရွေးချယ်ခံရ သူများ၏ Presentation များကို အာဆီယံနှင့် တရုတ်၊ ဂျပန်၊ တောင်ကိုရီးယားနိုင်ငံများမှ ဒိုင်များက စိစစ်ရွေးချယ်မည်ဖြစ်ကာ နောက်ဆုံး အဆင့်အဖြစ် ဆုရရှိသူများကို မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် ကျင်းပမည့် ASEAN Digital Ministers' Meeting အစည်းအဝေးတွင် ဆုချီးမြှင့်မည် ဖြစ်သည်။
ပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်လိုသူများသည် ပြိုင်ပွဲဝင်ခွင့်ပုံစံနှင့် မိမိတို့ယှဉ်ပြိုင်မည့် အကြောင်းအရာအတွက် နှစ်မိနစ်မှ ငါးမိနစ် ခန့်ရှိသော ဗီဒီယိုဖိုင်ကို .avi Format ဖြင့် မြန်မာနိုင်ငံ၏ ASEAN ICT Awards 2021 Country Coordinator ဖြစ်သူ ဒေါ်ချောခင်ခင်၊ အီးမေးလ် chawkhinkhin@mcf.org.mm သို့ ပေးပို့ လျှောက်ထားရမည်ဖြစ်ကာ ပြိုင်ပွဲနှင့် ပတ်သက်သည့် အချက်များ ကို aseanict-award.org.mm တွင် အသေးစိတ် ဝင်ရောက် ကြည့်ရှုနိုင်ကြောင်း သိရသည်။
ကိုစိုး