အရှည် ၈၀၁ မီတာရှိ ချင်းတွင်းမြစ်ကူးတံတား(ထမံသီ)ကို ၂၀၂၅ ခုနှစ်အတွင်းပြီးစီးရန် တည်ဆောက်လျက်ရှိ

 

မုံရွာ    ဒီဇင်ဘာ     ၁၃


စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်သည် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများ၊ တာဝန်ရှိသူများနှင့်အတူ ဟုမ္မလင်းမြို့နယ် ချင်းတွင်းမြစ်ကူး တံတား (ထမံသီ) တည်ဆောက်နေမှုလုပ်ငန်းများကို ဒီဇင်ဘာ ၁၂ ရက်က လိုက်လံကြည့်ရှုစစ်ဆေးသည်။


တိုင်းဒေသကြီး  ဝန်ကြီးချုပ် အား    ချင်းတွင်းမြစ်ကူးတံတား (ထမံသီ)        တည်ဆောက်ရေး ရှင်းလင်းဆောင်၌     တံတားဦးစီး ဌာန    တည်ဆောက်ရေးအဖွဲ့(၂) မှ    ညွှန်ကြားရေးမှူး   (မြို့ပြ) ဦးညီညီဇော် က       တံတား တည်ဆောက်ရေး    လုပ်ငန်းများ ဘဏ္ဍာနှစ်အလိုက်   ဆောင်ရွက် နေမှုနှင့်     ဆက်လက်ဆောင်ရွက် သွားမည့် လုပ်ငန်းအခြေအနေများ နှင့် ပတ်သက်၍  ရှင်းလင်းတင်ပြ ပြီးနောက်  ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊      လမ်းဦးစီးဌာနမှ တာဝန်ရှိသူများနှင့်  တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များက  ချင်းတွင်း မြစ်ကူးတံတား (ထမံသီ) ချဉ်းကပ် လမ်းများ   ဖောက်လုပ်ပြီးစီးမှုနှင့် ဆက်လက်    ဆောင်ရွက်မည့် လုပ်ငန်း     အခြေအနေများနှင့် ပတ်သက်၍  ဖြည့်စွက်ရှင်းလင်း ဆွေးနွေးတင်ပြသည်။ 


တံတားချဉ်းကပ်လမ်း တည်ဆောက်နေမှု ကြည့်ရှု


ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က  စစ်ကိုင်းတိုင်းဒေသ ကြီး   ဟုမ္မလင်းခရိုင်နှင့်       နာဂ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတို့ကို ဆက်သွယ်ပေးမည့်      ချင်းတွင်း မြစ်ကူးတံတား           (ထမံသီ) တည်ဆောက်ပြီးစီးပါက လေရှီး မြို့နယ်နှင့်     ဟုမ္မလင်းမြို့နယ်ရှိ ပြည်သူများအတွက် အိန္ဒိယနိုင်ငံ နယ်စပ်အထိ  နှစ်နိုင်ငံကူးသန်း သွားလာမှုကို  များစွာအထောက် အကူပြုသည့် လမ်းမကြီးပေါ်တွင် တည်ရှိသည့် တံတားကြီးတစ်စင်း ဖြစ်ကြောင်း၊   ထို့အပြင်   ဆွမ္မရာ မြို့၊  ပန်ဆပ်ကျေးရွာနှင့်    အနီး ပတ်ဝန်းကျင်     ကျေးရွာများမှ ဒေသခံပြည်သူများ၏ လူမှုစီးပွား ဘဝနှင့်  ဒေသဖွံ့ဖြိုးရေးအတွက် များစွာ     အကျိုးပြုမည်ဖြစ်၍   တည်ဆောက်ရေးလုပ်ငန်းများကို သတ်မှတ်ကာလအတွင်း   စံချိန် စံညွှန်းများနှင့်အညီ     အရည် အသွေး        ကောင်းမွန်အောင် တည်ဆောက်ရန်နှင့် လုပ်ငန်းခွင် အန္တရာယ်ကင်းရှင်းရေးနှင့်   လုံခြုံ ရေးတို့ကိုလည်း       သတိပြု ဆောင်ရွက်ရန်   လိုအပ်ကြောင်း  မှာကြားပြီး      လိုအပ်သည်များ ကို        ဖြည့်ဆည်းဆောင်ရွက်ပေး ကာ     တံတားချဉ်းကပ်လမ်းနှင့်       တံတား       တည်ဆောက်နေမှု   လုပ်ငန်းများကို  ကြည့်ရှုစစ်ဆေး သည်။


၂၀၂၄-၂၀၂၅  တွင်    အပြီးတည်ဆောက်မည်


အဆိုပါ    ချင်းတွင်းမြစ်ကူး တံတား(ထမံသီ)သည် ဟုမ္မလင်း မြို့-လေရှီးမြို့-ပန်ဆပ်-ဆွမ္မရာ မြို့လမ်းပေါ်တွင်ရှိပြီး      ချင်းတွင်း မြစ်ကိုဖြတ်သည့်    သံကူကွန်ကရစ် တံတားအမျိုးအစား      ဖြစ်သည်။ တံတားအရှည်      ၈၀၁ မီတာ၊ အကျယ်  ၉ ဒသမ  ၄ မီတာ၊ တံတားအခန်းပေါင်း  ၁၅  ခန်း၊ ရေလမ်းကင်းလွတ်အမြင့်  ပေ ၄၀ ရှိမည်ဖြစ်ကာ      ၂၀၂၄-၂၀၂၅  တွင်    အပြီးတည်ဆောက်မည် ဖြစ်ကြောင်း သိရသည်။ 


တိုင်းဒေသကြီး(ပြန်/ဆက်)