
နေပြည်တော် ဩဂုတ် ၈
အရှေ့တောင်တိုင်း စစ်ဌာနချုပ် ၂၀၂၃ ခုနှစ် တိုင်းမှူးဒိုင်း ပိုက်ကျော်ခြင်းပြိုင်ပွဲ ဖွင့်ပွဲကို ယနေ့ညနေပိုင်းတွင် တိုင်းစစ် ဌာနချုပ် ပြည့်ဇာနည်အားကစား ခန်းမ၌ ပြုလုပ်ရာ တိုင်းမှူး ဗိုလ်မှူးချုပ် စိုးမင်းနှင့် အဖွဲ့ဝင် များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ အရာရှိ၊ စစ်သည်၊ မိသားစုဝင်များ၊ ဒိုင်အဖွဲ့ဝင်များ၊ ပြိုင်ပွဲဝင် အားကစားသမားများနှင့် အားကစား ဝါသနာရှင်များ တက်ရောက်ကြ သည်။
ဦးစွာ တိုင်းမှူးက အမှာစကား ပြောကြားသည်။ ထို့နောက် တိုင်းမှူးနှင့် တက်ရောက်လာကြ သူများက ပြိုင်ပွဲပထမနေ့ ပွဲစဉ် များ ယှဉ်ပြိုင်ကစားနေမှုများကို ကြည့်ရှုအားပေးသည်။
အဆိုပါ တိုင်းမှူးဒိုင်း ပိုက်ကျော်ခြင်းပြိုင်ပွဲကို တိုင်းစစ် ဌာနချုပ်ကွပ်ကဲမှုအောက် တပ်နယ် အသီးသီးမှ ပြိုင်ပွဲဝင်အသင်း ၁၆ သင်းဖြင့် ဩဂုတ် ၁၄ ရက် အထိ ယှဉ်ပြိုင်ကျင်းပသွားမည် ဖြစ်ကြောင်း သတင်းရရှိသည်။
သတင်းစဉ်