အရှေ့တောင်အာရှနှင့် အာရှဒေသတွင်းအဆင့်မြင့်ဆုံး အားကစားပြိုင်ပွဲနှစ်ခုကို ယခုနှစ်အတွင်း  မြန်မာအားကစားအဖွဲ့ ယှဉ်ပြိုင်ရမည်

 

 

ရန်ကုန်   ဖေဖော်ဝါရီ   ၁
ယခုနှစ်အတွင်းကျင်းပမည့် အရှေ့တောင်အာရှနှင့် အာရှအဆင့် အဆင့်မြင့်ဆုံးအားကစားပြိုင်ပွဲနှစ်ခုတွင်  မြန်မာအားကစားအဖွဲ့  ဝင်ရောက်ယှဉ်ပြိုင်ရမည်ဖြစ်သည်။ အရှေ့တောင်အာရှဒေသတွင်း အမြင့်ဆုံးအားကစားပြိုင်ပွဲဖြစ်သည့် ဆီးဂိမ်းပြိုင်ပွဲကို ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် ယခုနှစ်သို့ ပြောင်းလဲကျင်းပရမည်ဖြစ်သောကြောင့် ၂၀၂၂ ခုနှစ်တွင် ဆီးဂိမ်းပြိုင်ပွဲနှင့် အာရှအားကစားပြိုင်ပွဲတို့ကို မြန်မာအားကစား အဖွဲ့အနေဖြင့် ပထမဆုံးအကြိမ် တစ်နှစ်အတွင်း ယှဉ်ပြိုင်ရမည်ဖြစ်သည်။
ဆီးဂိမ်းပြိုင်ပွဲကို နှစ်နှစ်တစ်ကြိမ် ကျင်းပလျက်ရှိပြီး အာရှအားကစားပြိုင်ပွဲကိုမူ လေးနှစ်တစ်ကြိမ် ကျင်းပနေခြင်းဖြစ်သည်။ ပုံမှန်အရ (၃၁) ကြိမ်မြောက် ဆီးဂိမ်း ပြိုင်ပွဲကို ၂၀၂၁ ခုနှစ် နိုဝင်ဘာတွင် စတင်ကျင်းပရမည်ဖြစ်သော်လည်း ကပ်ရောဂါ ကြောင့် သတ်မှတ်ရက်အတွင်း မကျင်းပနိုင်သဖြင့် ၂၀၂၂ ခုနှစ်သို့ ရွှေ့ဆိုင်းခဲ့ရခြင်းဖြစ် သည်။ ကပ်ရောဂါကြောင့် ရွှေ့ဆိုင်းထားသည့် (၃၁) ကြိမ်မြောက် ဆီးဂိမ်းပြိုင်ပွဲကို မေ  ၁၂  ရက်မှ ၂၃  ရက်အထိ  ဗီယက်နမ်နိုင်ငံ၌  ပြန်လည်ကျင်းပမည်ဖြစ်ပြီး  (၁၉) ကြိမ်မြောက် အာရှအားကစားပြိုင်ပွဲကိုမူ စက်တင်ဘာ ၁၀ ရက်မှ ၂၅ ရက် အထိ တရုတ်နိုင်ငံ     ဟန်ကျိုးမြို့၌ ပြုလုပ်မည်ဖြစ်သည်။ (၃၁) ကြိမ်မြောက်    ဆီးဂိမ်းပြိုင်ပွဲတွင် အားကစားနည်း  ၄၀  ထည့်သွင်းကျင်းပ မည်ဖြစ်ပြီး  မြန်မာအားကစားအဖွဲ့အနေ ဖြင့်   ယခင်က အားကစားနည်း ၁၈ မျိုး ယှဉ်ပြိုင်ရန်    စီစဉ်ထားသော်လည်း အားကစားနည်း  ထပ်တိုးယှဉ်ပြိုင်ရန် ဆောင်ရွက်လျက်ရှိသည်။     မြန်မာ အားကစားအဖွဲ့များသည်   ပြီးခဲ့သည့် နှစ်ဆန်းပိုင်းကတည်းက  လေ့ကျင့်မှု ပြုလုပ်လျက်ရှိသည်။  အာရှအားကစား ပြိုင်ပွဲတွင် အားကစားနည်း ၄၀ ထည့် သွင်းကျင်းပမည်ဖြစ်ပြီး မြန်မာအားကစား အဖွဲ့အနေဖြင့် ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ် သော်လည်း ယှဉ်ပြိုင်မည့်အားကစားနည်း များ ရွေးချယ်ရခြင်း  မရှိသေးကြောင်း သိရသည်။ ဗီယက်နမ်ဆီးဂိမ်းပြိုင်ပွဲတွင် အောင်မြင်မှုရရှိရေးအတွက်     မြန်မာ အားကစားအဖွဲ့များအနေဖြင့် ပြင်ဆင်မှု များ ပြုလုပ်လျက်ရှိပြီး ကပ်ရောဂါကာလ အတွင်း  ယှဉ်ပြိုင်ရမည်ဖြစ်သောကြောင့် ကျန်းမာရေးဆိုင်ရာ  လမ်းညွှန်ချက်များ အတိုင်း  ဆောင်ရွက်လျက်ရှိသည်။
မြန်မာအားကစားအဖွဲ့  အနေဖြင့် နောက်ဆုံးကျင်းပသည့် ၂၀၁၉ ဖိလစ်ပိုင် ဆီးဂိမ်း ပြိုင်ပွဲတွင် ရွှေ လေးခု၊ ငွေ ၁၈ ခု၊ ကြေး ၅၁ ခု၊ ၂၀၁၈ အာရှအားကစားပြိုင်ပွဲ တွင် ကြေး နှစ်ခု ရရှိခဲ့သည်။                  
ရဲရင့်လွင်