အရှေ့မြောက်တိုင်းစစ်ဌာနချုပ်နယ်မြေအတွင်း နိုင်ငံတော်လုံခြုံရေးနှင့် ကာကွယ်ရေးတာဝန်များကို စွမ်းစွမ်းတမံ ထမ်းဆောင်လျက်ရှိသော လုံခြုံရေးတပ်ဖွဲ့ဝင်များအတွက် ပြည်သူလူထုက ဒံပေါက်ဘူးများပေးပို့လှူဒါန်း

 

နေပြည်တော်  နိုဝင်ဘာ  ၂ 


အရှေ့မြောက်တိုင်းစစ်ဌာနချုပ်  နယ်မြေ အတွင်း နိုင်ငံတော်လုံခြုံရေးနှင့် ကာကွယ် ရေးတာဝန်များကို        စွမ်းစွမ်းတမံ ထမ်းဆောင်လျက်ရှိသော လုံခြုံရေးတပ်ဖွဲ့ ဝင်များအတွက်   စေတနာရှင်အလှူရှင်များ က  အလှူငွေများ ပေးအပ်လှူဒါန်းလျက် ရှိသည့်အပြင် စေတနာရှင်ပြည်သူများက ဒံပေါက်ဘူးများကိုလည်း  ပေးပို့လှူဒါန်း လျက်ရှိသည်။ 


ယနေ့တွင် စေတနာရှင် ပြည်သူများ က    အရှေ့မြောက်တိုင်း   စစ်ဌာနချုပ် နယ်မြေအတွင်း နိုင်ငံတော်လုံခြုံရေးနှင့် ကာကွယ်ရေးတာဝန်များ ထမ်းဆောင်နေ သည့်    လုံခြုံရေးတပ်ဖွဲ့ဝင်များအတွက်    ဒံပေါက်ဘူးများကို ပေးအပ်လှူဒါန်းကြ သည်။ အဆိုပါ  စေတနာရှင်ပြည်သူများ လှူဒါန်းသည့် ဒံပေါက်ဘူးများကို ရန်ကုန် မြို့မှတစ်ဆင့်  လားရှိုးမြို့သို့ တပ်မတော် လေယာဉ်ဖြင့် ပို့ဆောင်ပေးရာ(အပေါ်ပုံ) တာဝန် ရှိသူများက လက်ခံရယူကြသည်။


စေတနာရှင်ပြည်သူများ လှူဒါန်းသည့် ဒံပေါက်ဘူးများနှင့်အတူ ရဟန်းသံဃာ များနှင့် ပြည်သူများက ရေးသားပေးပို့သည့် “တပ်မတော်သားအားလုံး   ကိုယ်စိတ် နှစ်ဖြာ   ကျန်းမာရွှင်လန်းစေကြောင်း၊ ဘေးအန္တရာယ်   ကင်းရှင်းစေကြောင်း၊ တရားသောစစ် အောင်မြင်ပါစေကြောင်း” စသည့် ဆုတောင်းမေတ္တာစာလွှာများပါရှိကြောင်း သိရှိရသည်။


အဆိုပါ      တပ်မတော်လေယာဉ်၊ ရဟတ်ယာဉ်များဖြင့် ရောက်ရှိလာသည့် ဒံပေါက်ဘူးများအား တာဝန်ရှိသူများက လုံခြုံရေးတပ်ဖွဲ့ဝင်များ၏      လက်ဝယ် အရောက် လိုက်လံပို့ဆောင်ပေးခဲ့ကြောင်း သတင်းရရှိသည်။                

သတင်းစဉ်