
ပဲခူး နိုဝင်ဘာ ၃
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး တော်ဝင်ဟံသာ အစည်းအဝေးခန်းမ၌ နိုဝင်ဘာ ၃ ရက် မွန်းလွဲပိုင်းက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် နယ်မြေအတွင်း နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးကိစ္စများကို စွမ်းစွမ်းတမံဆောင်ရွက်နေသော လုံခြုံရေးတပ်ဖွဲ့ဝင် များအား စေတနာရှင်ပြည်သူများက ကူညီထောက်ပံ့ သည့် အလှူငွေပေးအပ်ပွဲအခမ်းအနား ကျင်းပ သည်။
ရှေးဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေ ဝင်းက မကြာသေးမီက ပဲခူးမြို့တွင် ဖြစ်ပွားခဲ့သည့် ရေကြီးမှုဖြစ်စဉ်တွင် တပ်မတော်သားများ၊ ရဲတပ်ဖွဲ့ ဝင်များက နေ့ညမပြတ် ကူညီကယ်ဆယ်ရေးလုပ်ငန်း များတွင် ရှေ့ဆုံးမှပါဝင်ဆောင်ရွက်ခဲ့သလို ပြန်လည် ထူထောင်ရေးလုပ်ငန်းများတွင်လည်း အင်ပြည့် အားပြည့်ဆောင်ရွက်ပေးခဲ့သည်ကို အားလုံးအသိပင် ဖြစ်ကြောင်း၊ နိုင်ငံတော်ကာကွယ်ရေးလုပ်ငန်းများကို ဆောင်ရွက်နေသည့် လုံခြုံရေးတပ်ဖွဲ့ဝင်များသည် ဒို့တာဝန်အရေးသုံးပါးကို ဦးထိပ်ပန်ဆင်ပြီး မိမိတို့၏ အသက်ကို ပဓာနမထားဘဲ တာဝန်ထမ်းဆောင်နေကြသူများဖြစ်ပြီး ပြည်သူ့အကျိုးပြုလုပ်ငန်းများတွင် လည်း ရှေ့ဆုံးမှ ပါဝင်ဆောင်ရွက်နေသူများပင်ဖြစ် ကြောင်း၊ အရှေ့မြောက်တိုင်းစစ်ဌာနချုပ် နယ်မြေ အတွင်း နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးကိစ္စ များကို စွမ်းစွမ်းတမံဆောင်ရွက်နေသော လုံခြုံရေး တပ်ဖွဲ့ဝင်များကို ဂုဏ်ပြုသည့်အနေဖြင့် ဒေသခံ ပြည်သူများက အပြန်အလှန်ကျေးဇူးတရားနားလည် ပြီး ထောက်ပံ့ငွေများ လာရောက်ပေးအပ်မှုအပေါ် အထူးဝမ်းမြောက်ဝမ်းသာ ကျေးဇူးတင်ရှိပါကြောင်း ပြောကြားသည်။
ထို့နောက် ဌာနဆိုင်ရာများ၏ ထောက်ပံ့ငွေများ အား တိုင်းဒေသကြီး ဝန်ကြီးချုပ်ကလည်းကောင်း၊ စေတနာရှင်ပြည်သူများ၏ ထောက်ပံ့ငွေများအား တိုင်းဒေသကြီး လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ကလည်းကောင်း လက်ခံရယူခဲ့ကြောင်း သိရသည်။ ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့က ဦးဆောင်၍ ဌာန ဆိုင်ရာများ၊ စေတနာရှင်ပြည်သူများ စုပေါင်း၍ အရှေ့မြောက် တိုင်းစစ်ဌာနချုပ်နယ်မြေအတွင်း နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးကိစ္စများကို စွမ်းစွမ်းတမံဆောင်ရွက်နေသော လုံခြုံရေးတပ်ဖွဲ့ဝင် များအတွက် ထောက်ပံ့ငွေကျပ် ၂၇၆၂ သိန်း ထောက်ပံ့ ပေးအပ်နိုင်ခဲ့ကြောင်း သိရသည်။
ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ၂၀၂၃ - ၂၀၂၄ ပညာသင်နှစ် ပြည်ထောင်စုတိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးရေး တက္ကသိုလ်ပညာရေးဘွဲ့ (B.Ed) ငါးနှစ်သင်တန်း အမှတ်စဉ် (၁၁) နှင့် တိုင်းရင်းသားလူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေးဒီဂရီကောလိပ်(ရန်ကုန်) တက် ရောက်မည့် သင်တန်းသား သင်တန်းသူများနှင့် တွေ့ဆုံဩဝါဒစကား ပြောကြားပြီး ထောက်ပံ့ငွေ များ ပေးအပ်သည်။ ယင်းနောက် သင်တန်းသား သင်တန်းသူများကိုယ်စား သင်တန်းသူတစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။
တိုင်းဒေသကြီး(ပြန်/ဆက်)