အပြည်ပြည်ဆိုင်ရာထေရဝါဒဗုဒ္ဓသာသနာပြုတက္ကသိုလ်(၂၀၂၃ -၂၀၂၄) ပညာသင်နှစ် (ပြည်တွင်း/ပြည်ပ) ဒီပလိုမာ (၁) နှစ်သင်တန်းတက်ရောက်ခွင့် လျှောက်လွှာများခေါ်ယူ

 

နေပြည်တော်   အောက်တိုဘာ   ၁၄


သာသနာရေးနှင့်  ယဉ်ကျေးမှုဝန်ကြီးဌာန   ရန်ကုန်တိုင်းဒေသကြီး မရမ်းကုန်းမြို့နယ် စွယ်တော်မြတ်စေတီတော်အနီးရှိ  အပြည်ပြည် ဆိုင်ရာ    ထေရဝါဒဗုဒ္ဓသာသနာပြုတက္ကသိုလ်၊  (၂၀၂၃-၂၀၂၄) ပညာ သင်နှစ်တွင်  ဖွင့်လှစ်မည့်  ဒီပလိုမာ (၁) နှစ်သင်တန်းသို့ ပြည်တွင်း/ပြည်ပမှ ရဟန်း၊ သီလရှင်၊ လူပုဂ္ဂိုလ်များ တက်ရောက်နိုင်ရန်အတွက် လျှောက်လွှာများအား စတင်ခေါ်ယူထားပြီးဖြစ်ကြောင်း သိရသည်။

 


ဒီပလိုမာ  (၁) နှစ်သင်တန်းအတွက်   အရည်အချင်းသတ်မှတ်ချက် များမှာ  ပြည်တွင်းရဟန်းတော်များသည် ဓမ္မာစရိယတန်း အောင်မြင် ပြီးသူဖြစ်ရမည်ဖြစ်ပြီး ပြည်တွင်းသာသနာ့နွယ်ဝင်သီလရှင်များနှင့် လူပုဂ္ဂိုလ်များသည်   တက္ကသိုလ်တစ်ခုခုမှ  ဘွဲ့တစ်ခုခုရရှိရမည်ဖြစ် သည်။ ပြည်ပလျှောက်လွှာရှင်များသည်  သက်ဆိုင်ရာအစိုးရပညာရေး ဌာနက ကျင်းပသော  တက္ကသိုလ်ဝင်တန်းအဆင့် အောင်မြင်သူဖြစ်ရ မည်ဖြစ်ပြီး   သင်တန်းတက်ရောက်မည့်သူများသည်   အင်္ဂလိပ်စာ  4 Skills   ကျွမ်းကျင်ရမည်ဖြစ်ကာ  အသက် ၁၈ နှစ်မှ ၄၅ နှစ် အတွင်း ရှိပြီး ကျန်းမာရေးကောင်းမွန်ကြောင်းနှင့် ကိုဗစ်-၁၉ ရောဂါ ကင်းရှင်း ကြောင်း ထောက်ခံချက်လက်မှတ် ပါရှိရမည်ဖြစ်သည်။

 


ပညာဆည်းပူးနေစဉ်ကာလတစ်လျှောက်  ပြည်တွင်းသင်တန်း သား   ရဟန်းတော်များ၊    ပြည်ပသင်တန်းသားများ၏   နေထိုင် စားသောက်ရေးကို တက္ကသိုလ်က တာဝန်ယူပေးမည်ဖြစ်ပြီး ပြည်တွင်း သင်တန်းသား  သီလရှင်များ၏  နေထိုင်ရေးအတွက် တက္ကသိုလ်တွင် အဆောင်နေရာလစ်လပ်ပါက စီစဉ်ပေးမည်ဖြစ်ကြောင်းနှင့် အသေး စိတ်အချက်အလက်များကို  သိရှိလိုပါက www.itbmu.org.mm သို့ ဝင်ရောက်ကြည့်ရှုနိုင်ကြောင်း သတင်းရရှိသည်။          

သတင်းစဉ်