အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး AHA Centre မှ တစ်ဆင့် လှူဒါန်းမည့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီ စီမံခန့်ခွဲရေး လုပ်ငန်းအဖွဲ့ ဥက္ကဋ္ဌ ဦးကိုကိုလှိုင် ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့ ရန်ကုန်မြို့သို့ ပြန်လည်ရေ

 

နေပြည်တော်   မေ   ၇


အပြည်ပြည်ဆိုင်ရာ      ပူးပေါင်း ဆောင်ရွက်ရေး    ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး     AHA Centre မှ တစ်ဆင့် လှူဒါန်းမည့် လူသားချင်း စာနာထောက်ထားမှု ဆိုင်ရာအကူအညီ   စီမံခန့်ခွဲရေး လုပ်ငန်းအဖွဲ့ ဥက္ကဋ္ဌ  ဦးကိုကိုလှိုင် ဦးဆောင်သည့်   မြန်မာကိုယ်စား လှယ်အဖွဲ့သည်   ကမ္ဘောဒီးယား နိုင်ငံ  ဖနောင်ပင်မြို့၌   ကျင်းပ ပြုလုပ်ခဲ့သည့်    မြန်မာနိုင်ငံသို့ လူသားချင်း စာနာထောက်ထားမှု အကူအညီများ        ပေးအပ်ရေး ဆိုင်ရာ  ညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်ပြီးနောက် မေ ၇ ရက် က  ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့   ပြန်လည်ရောက်ရှိ သည်။

 


ပြည်ထောင်စု   ဝန်ကြီးနှင့် အတူ လုပ်ငန်းအဖွဲ့၊  အဖွဲ့ဝင်များ ဖြစ်ကြသည့်  ကျန်းမာရေးဝန်ကြီး ဌာန  ဒုတိယဝန်ကြီး  ဒေါက်တာ အေးထွန်း၊      လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်    ပြန်လည်‌ နေရာချထားရေး   ဝန်ကြီးဌာန ဒုတိယဝန်ကြီး  ဦးအောင်ထွန်းခိုင်၊ နိုင်ငံခြားရေး ဝန်ကြီးဌာန  အမြဲ တမ်းအတွင်းဝန်  ဦးချမ်းအေးနှင့် သက်ဆိုင်ရာ  ဝန်ကြီးဌာနများမှ တာဝန်ရှိသူများ       လိုက်ပါကြ ကြောင်း သိရသည်။


သတင်းစဉ်