အပြည်ပြည်ဆိုင်ရာမြန်မာလေကြောင်း(MAI)မှ Mid-Year-Deals ပရိုမိုးရှင်းအဖြစ် ခရီးစဉ်သစ်များကို ပျံသန်းပြေးဆွဲမည်

 

ရန်ကုန်    မေ    ၁၈


အပြည်ပြည်ဆိုင်ရာ     မြန်မာ လေကြောင်း(MAI) Mid-Year-Deals ပရိုမိုးရှင်းကာလ၌   နိုင်ငံ တကာခရီးစဉ်များကို  အမေရိကန် ဒေါ်လာ ၆၁ ဒေါ်လာမှစတင်သည့် လေယာဉ်ခ      နှုန်းထားများဖြင့် ခရီးသွားကာလ   မေ ၈ ရက်မှ အောက်တိုဘာ ၂၈ ရက်အထိ နိုင်ငံ တကာခရီးစဉ်သစ်များကို တိုးချဲ့ ပျံသန်း     ပြေးဆွဲသွားမည်ဖြစ် ကြောင်း   Myanmar   Airways International လေကြောင်းလိုင်း မှ သိရသည်။

 


အဆိုပါ  ပရိုမိုးရှင်းကာလ၌ ရန်ကုန်မြို့မှ အိန္ဒိယနိုင်ငံ ချန်နိုင်း မြို့(MAA)သို့ ၂၀၂၃ ခုနှစ် မေ ၆ ရက်မှစ၍ အပတ်စဉ်ခရီးစဉ်များ စတင်ပျံသန်း ပြေးဆွဲသွားမည်ဖြစ် ပြီး စင်ကာပူ (SIN)၊ ဒူဘိုင်း(DXB)နှင့်    အင်ချွန်းမြို့(ICN)  များသို့  အကြိမ်ရေ တိုးချဲ့ပြေးဆွဲသွားမည့်  အပြင် ရန်ကုန်နှင့် မန္တလေးမှ ထိုင်း နိုင်ငံ ဘန်ကောက်မြို့ရှိ ဒွန်မောင်း လေဆိပ်(DMK)သို့ တစ်ပတ်လျှင် ငါးကြိမ်ဖြင့်   ခရီးစဉ်သစ်များကို ပျံသန်းပြေးဆွဲရန်     စီစဉ်ထား ကြောင်း သိရသည်။

 


“ခရီးသွားတွေအနေနဲ့ ထင်ရှား တဲ့မြို့တွေဖြစ်တဲ့  ဘန်ကောက်၊ စင်ကာပူ၊ ကွာလာလမ်ပူနဲ့ အသစ် ပြေးဆွဲတဲ့   ဟနွိုင်း၊   ဟိုချီမင်း၊ ဖနွမ်းပင်မြို့များအပါအဝင်    MAI ရဲ့   နိုင်ငံတကာခရီးစဉ်   ၁၈ ခုမှာ အမေရိကန်ဒေါ်လာ ၆၁ ဒေါ်လာ ကစတင်ပြီးသက်သာတဲ့ နှုန်းထားနဲ့ဝန်ဆောင်မှုပေးထားပါတယ်။ အိန္ဒိယနိုင်ငံ ချန်နိုင်းမြို့တိုက်ရိုက် ခရီးစဉ်နဲ့ ဇွန်လ ၁၅ ရက်မှာစတင် မယ့် ဘန်ကောက်မြို့၊  ဒွန်မောင်း အပြည်ပြည်ဆိုင်ရာ လေဆိပ်ကို  အပတ်စဉ်တစ်ပတ်      ငါးကြိမ် ပျံသန်းပြေးဆွဲသွားမှာပါ။   ခရီး သွားလိုက်ပါမှုအပေါ်  အခြေခံပြီး မေလကစတင်ပြီးတော့ စင်ကာပူ၊  ဒူဘိုင်း        အပြည်ပြည်ဆိုင်ရာ လေဆိပ်နဲ့   ဆိုးလ်မြို့၊  အင်ချွန်း ခရီးစဉ်တို့ကို တိုးမြှင့်ပြေးဆွဲသွား ဖို့ရှိပါတယ်” ဟု   MAI မှ Chief Commercial Officer ဖြစ်သော Mr.Tanes Kumar က ပြောသည်။

 


ရန်ကုန် - ချန်နိုင်း  တိုက်ရိုက် ခရီးစဉ်ကို ၂၀၂၃ ခုနှစ် မေ ၆ ရက် တွင်   စတင်ပျံသန်းပြေးဆွဲခဲ့ပြီး နှစ်နိုင်ငံ     တိုက်ရိုက်ချိတ်ဆက် ပြေးဆွဲမှုမှ မြန်မာနိုင်ငံနှင့် အိန္ဒိယ နိုင်ငံတို့အကြား       စီးပွားရေး နှင့်      ယဉ်ကျေးမှုဖလှယ်ရေးကို အထောက်အကူ   ဖြစ်စေလျက် ရှိသည်။စင်ကာပူခရီးစဉ်တွင် မေ ၂၉   ရက်မှစတင်၍    အပတ်စဉ် တနင်္လာနှင့်    ဗုဒ္ဓဟူးနေ့တို့တွင် တစ်ပတ်လျှင် (၁၀) ကြိမ် ပြေးဆွဲ ရာမှ (၁၂)ကြိမ်အထိ   တိုးချဲ့ပျံသန်း ပြေးဆွဲသွားမည်ဖြစ်ပြီး  ဒူဘိုင်း အပြည်ပြည်ဆိုင်ရာ  လေဆိပ်သို့ ဇွန် ၁ ရက်မှစတင်၍  အပတ်စဉ် ကြာသပတေးနေ့တွင်   ထပ်တိုး ခရီးစဉ်အဖြစ်      တစ်ပတ်လျှင် နှစ်ကြိမ်ပြေးဆွဲရာမှ   သုံးကြိမ် အထိ     တိုးချဲ့ပြေးဆွဲသွားမည် ဖြစ်ကာ    ဆိုးလ်မြို့   အင်ချွန်း ခရီးစဉ်ကိုလည်း   ဇူလိုင်  ၂၇ မှ စတင်၍ အပတ်စဉ်ကြာသပတေး  နေ့တိုင်း   ထပ်တိုးခရီးစဉ်အဖြစ်  သုံးကြိမ်ပြေးဆွဲရာမှ လေးကြိမ် အထိ   တိုးချဲ့ပျံသန်းပြေးဆွဲသွား မည်ဖြစ်ကြောင်း သိရသည်။

 


အပြည်ပြည်ဆိုင်ရာ     မြန်မာ လေကြောင်း     MAI အနေဖြင့် ရန်ကုန်နှင့်မန္တလေးကို အခြေပြု၍ နိုင်ငံအတွင်းရှိမြို့များနှင့် တရုတ်၊ အိန္ဒိယ၊   ထိုင်း၊  စင်ကာပူနိုင်ငံ၊ မလေးရှား၊   ယူအေအီး၊   ကမ္ဘော ဒီးယား၊  ဗီယက်နမ်၊ တောင်ကိုရီး ယားနှင့်  ထိုင်ဝမ်တို့ရှိ မြို့ပေါင်း ၂၇ မြို့သို့ A319 လေယာဉ် လေးစီး၊  A320 လေယာဉ် သုံးစီး၊ E190 လေယာဉ်သုံးစီးတို့ဖြင့်  ပျံသန်း ပြေးဆွဲပေးလျက်ရှိကြောင်း  သိရ သည်။


ညိမ်းသူ(သတင်းစဉ်)
ဓာတ်ပုံ - ကနူး