“အပြည်ပြည်ဆိုင်ရာကလေးများနှစ်” အထိမ်းအမှတ် အထူးထုတ် စာပို့တံဆိပ်ခေါင်းအသစ် ထုတ်ဝေမည်

 

နေပြည်တော်   နိုဝင်ဘာ   ၂၈


၁၉၇၉ ခုနှစ်ကို “အပြည်ပြည်ဆိုင်ရာ ကလေး များနှစ်”အဖြစ် ကမ္ဘာ့ကုလသမဂ္ဂက သတ်မှတ် ခဲ့ပြီး ပန်းချီဆရာကြီး ဦးခင်လှိုင် ရေးဆွဲပေးခဲ့ သည့်   တံဆိပ်ခေါင်းဒီဇိုင်းဖြင့်    မြန်မာနိုင်ငံမှ  “အပြည်ပြည်ဆိုင်ရာကလေးများနှစ်”  အထိမ်း အမှတ် အထူးထုတ် စာပို့တံဆိပ်ခေါင်းကို ၁၉၇၉ ခု ဒီဇင်ဘာ ၁ ရက်တွင် ထုတ်ဝေခဲ့သည်။


ယခုနှစ် ၂၀၂၃ တွင် “အပြည်ပြည်ဆိုင်ရာ ကလေးများနှစ်   (၄၄) နှစ်ပြည့်”    အထိမ်း အမှတ်အဖြစ်     အဆိုပါ     ပန်းချီဆရာကြီး    ဦးခင်လှိုင် ရေးဆွဲပေးထားသည့် ပန်းချီဒီဇိုင်းကို    ပို့ဆောင်ရေးနှင့်    ဆက်သွယ်ရေးဝန်ကြီးဌာန၊     မြန်မာ့စာတိုက်လုပ်ငန်းက        (၂၀၀  ကျပ်တန်)  အထူးထုတ်        စာပို့တံဆိပ်ခေါင်းသစ်အဖြစ် ၂၀၂၃ ခုနှစ်၊    ဒီဇင်ဘာ (၁)ရက်၊ မြန်မာသက္ကရာဇ်    ၁၃၈၅  ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော် (၄) ရက် (သောကြာနေ့) နံနက် ၉ နာရီခွဲ မှ   စတင်၍   နေပြည်တော်  ဗဟို စာတိုက်ကြီး၊ ရန်ကုန်စာတိုက်ကြီး၊ မန္တလေးစာတိုက်ကြီးတို့နှင့်    တိုင်း ဒေသကြီး/ ပြည်နယ်များရှိ စာတိုက် ကြီးများတွင် ထုတ်ဝေရောင်းချပေး သွားမည်ဖြစ်သည်။


အထူးအစီအစဉ်  တစ်ရပ်အနေ ဖြင့်  နေပြည်တော်  ဗဟိုစာတိုက် ကြီး၊    ရန်ကုန်စာတိုက်ကြီးနှင့် မန္တလေးစာတိုက်ကြီးတို့တွင် ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာ (၁) ရက်၊ (သောကြာ နေ့) တွင် ဝယ်ယူသော စာပို့တံဆိပ် ခေါင်းများပေါ်တွင်    နေ့စွဲ    အမှတ် အသား တံဆိပ်ရိုက်နှိပ်ပေးမည် ဖြစ် ကြောင်း သိရသည်။      

သတင်းစဉ်