အပြည်ပြည်ဆိုင်ရာ မြန်မာလေကြောင်း (MAI) ကုန်တင်လေယာဉ် စတင်ပြေးဆွဲ

 

ရန်ကုန်  စက်တင်ဘာ    ၃၀


အပြည်ပြည်ဆိုင်ရာ မြန်မာလေကြောင်း (MAI) သည်    မြန်မာနိုင်ငံ၏   လေကြောင်းကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရေးအတွက်    ပြည်တွင်း၊ ပြည်ပခရီးစဉ်များ   ပျံသန်းပြေးဆွဲလျက်ရှိရာ ခရီးသည် သယ်ယူပို့ဆောင်ရေးလေယာဉ်များ အပြင် မြန်မာနိုင်ငံ၏ စီးပွားရေးကဏ္ဍအတွက် အားထားရမည့်   ကုန်စည်စီးဆင်းမှု   ဖွံ့ဖြိုး တိုးတက်စေရေးနှင့်   မြန်မာနိုင်ငံ၏  ပို့ကုန်၊ သွင်းကုန်များကို ကမ္ဘာလုံးဆိုင်ရာ ကုန်သွယ် ရေး လမ်းကြောင်းများနှင့် ချိတ်ဆက်နိုင်စေရေး ရည်ရွယ်ပြီး စက်တင်ဘာ ၃၀ ရက်တွင် ကုန်တင် လေယာဉ် စတင်ပျံသန်းပြေးဆွဲသည်။ 


ကုန်တင်လေယာဉ်     စတင်ပြေးဆွဲခြင်း အခမ်းအနားကို      စက်တင်ဘာ   ၃၀   ရက် နံနက်ပိုင်းက     ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ် Terminal-1 ၏  Airside ၌ ကျင်းပ ရာ လေကြောင်းပို့ဆောင်ရေးနှင့် ညွှန်ကြားမှု ဦးစီးဌာနမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ အပြည်ပြည် ဆိုင်ရာ မြန်မာလေကြောင်း (MAI) မှ တာဝန်ရှိ ပုဂ္ဂိုလ်များ တက်ရောက်ကြသည်။ 


 အပြည်ပြည်ဆိုင်ရာ မြန်မာလေကြောင်း (MAI) ၏   ကုန်တင်လေယာဉ်သည်  Boeing 737-300F လေယာဉ်အမျိုးအစားဖြစ်ပြီး ထုထည် အရွယ်အစားကြီးမားသော ကုန်ပစ္စည်းများနှင့် အန္တရာယ်ရှိသော    ကုန်စည်ပစ္စည်းများအပါ အဝင် ကုန်စည်အမျိုးအစားအစုံကို ခရီးစဉ် တစ်ခုလျှင် ၁၅ တန်အထိ သယ်ဆောင်ပျံသန်း ပြေးဆွဲနိုင်ကြောင်း သိရသည်။    

 ကိုညီလေး