အပြည်ပြည်ဆိုင်ရာ အလုပ်သမားနေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် စာစီစာကုံး၊ ကဗျာ၊ ပန်းချီ၊ ဆောင်းပါးပြိုင်ပွဲများ၌ ဆုရရှိသူများနှင့် သွေးလှူရှင်များအား ဂုဏ်ပြုချီးမြှင့်

 

အပြည်ပြည်ဆိုင်ရာ အလုပ်သမားနေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် စာစီစာကုံး၊ ကဗျာ၊ ပန်းချီ၊ ဆောင်းပါးပြိုင်ပွဲများ၌ ဆုရရှိသူများနှင့် သွေးလှူရှင်များအား ဂုဏ်ပြုချီးမြှင့်ခြင်းနှင့် လူမှုဖူလုံရေးအကျိုးခံစားခွင့်ရရှိသူများကို ငွေကြေးအကျိုးခံစားခွင့်ပေးအပ်ခြင်း အခမ်းအနားကျင်းပ

 

ရန်ကုန်   ဧပြီ    ၂၉


၂၀၂၃ ခုနှစ်  မေ ၁ ရက်တွင်  ကျရောက်သည့် အပြည်ပြည်ဆိုင်ရာ  အလုပ်သမားနေ့ကို ဂုဏ်ပြုကြိုဆိုသော အားဖြင့်  စာစီစာကုံး၊  ကဗျာ၊  ပန်းချီ၊  ဆောင်းပါးပြိုင်ပွဲများ၌  ဆုရရှိသူများနှင့်  သွေးလှူရှင်များအား ဂုဏ်ပြုချီးမြှင့်ခြင်း၊ လူမှုဖူလုံရေးအကျိုးခံစားခွင့်ရရှိသူများကို  ငွေကြေးအကျိုးခံစားခွင့် ပေးအပ်ခြင်းအခမ်း အနားကို ယနေ့နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး လမ်းမတော်မြို့နယ် မင်းရဲကျော်စွာလမ်း အမှတ်(၂၉)ရှိ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်(UMFCCI) ၌ ကျင်းပသည်။

 


အဆိုပါအခမ်းအနားသို့ အလုပ်သမားဝန်ကြီး ဌာန    ပြည်ထောင်စုဝန်ကြီး   ဒေါက်တာ ပွင့်ဆန်း၊ ရန်ကုန်တိုင်းဒေသကြီး     ဝန်ကြီးချုပ် ဦးစိုးသိန်း၊ အလုပ်သမားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းရှိန်၊     ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့   အဖွဲ့ဝင်များ၊ ညွှန်ကြားရေးမှူးချုပ်များ၊   ဌာနဆိုင်ရာ တာဝန်ရှိ သူများ၊   UMFCCI  နှင့်  MOEAF တို့မှ   တာဝန်ရှိ ပုဂ္ဂိုလ်များ၊    ခုံသမာဓိကောင်စီ၊    ခုံသမာဓိအဖွဲ့နှင့် မြို့နယ်ညှိနှိုင်းဖျန်ဖြေရေးအဖွဲ့တို့မှ ကိုယ်စားလှယ် များ၊ အလုပ်ရှင်နှင့် အလုပ်သမားအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ  တက်ရောက်ကြသည်။

 


အခမ်းအနားတွင်        ပြည်ထောင်စုဝန်ကြီး ဒေါက်တာပွင့်ဆန်းက နိုင်ငံတော်အစိုးရ၏ စီးပွားရေး ဦးတည်ချက်(၄)ရပ်တွင်     ပါဝင်သည့်    သွင်းကုန် အစားထိုးရန်နှင့်    ပို့ကုန်မြှင့်တင်နိုင်ရေး    ဒေသ ထွက်ကုန်ကြမ်းများကို  အခြေခံသည့် အသေးစား၊ အငယ်စား၊ အလတ်စား စီးပွားရေးလုပ်ငန်း (MSME)များကို ရေရှည်အာမခံချက်ရှိအောင် အားပေးကူညီ ပြီး   နိုင်ငံတော်၏   ထုတ်ကုန်များစွာ   ထုတ်လုပ်နိုင် သည့်    အလုပ်အကိုင်အခွင့်အလမ်းများ   ဆောင်ရွက် ဖော်ဆောင်ရေးအချက်ကို အောင်မြင်စွာ အကောင် အထည်ဖော်ဆောင်ရွက်ရာတွင် နိုင်ငံတော်၏ အဓိက အရေးပါသည့်   အင်အားစုကြီးဖြစ်သော အလုပ်သမား ထုကြီးအပေါ် များစွာတည်မှီနေသည့်အတွက် အလုပ် သမားထုကြီးကို  ဂုဏ်ပြုလိုသည့် ရည်ရွယ်ချက်ဖြင့် ယခုအခမ်းအနားကို ကျင်းပရခြင်းဖြစ်ကြောင်း။

 


ဂုဏ်ပြုချီးမြှင့်


အပြည်ပြည်ဆိုင်ရာအလုပ်သမားနေ့ကို ဂုဏ်ပြု ကြိုဆိုသောအားဖြင့်   ကျင်းပခဲ့သည့်   စာစီစာကုံး၊ ကဗျာ၊ ပန်းချီ၊ ဆောင်းပါးပြိုင်ပွဲ၌ ဆုရရှိသူ ၁၆ ဦး ကို ဂုဏ်ပြုချီးမြှင့်ငွေကျပ် ၉၉၀၀၀ဝ နှင့် ဂုဏ်ပြု မှတ်တမ်းလွှာများ ပေးအပ်ခြင်း၊ သွေးလှူရှင်ဝန်ထမ်း ၁၀၀ ကို ဂုဏ်ပြုချီးမြှင့်ငွေကျပ်သိန်း ၁၀၀ နှင့် ဂုဏ်ပြု မှတ်တမ်းလွှာများ    ပေးအပ်ချီးမြှင့်ခြင်းနှင့်   လူမှု ဖူလုံရေး   အကျိုးခံစားခွင့်ရရှိသူများကို   ငွေကြေး အကျိုးခံစားခွင့် ပေးအပ်ခြင်းများ ချီးမြှင့်ဆောင်ရွက် သွားမည်ဖြစ်ကြောင်း။
လူမှုဖူလုံရေးအဖွဲ့တွင် အကျုံးဝင်မှတ်ပုံတင်ထား သော အာမခံအလုပ်သမားများကို ၂၀၁၂ ခုနှစ် လူမှု ဖူလုံရေးဥပဒေနှင့်အညီ   ကျန်းမာရေးနှင့်   လူမှုရေးစောင့်ရှောက်မှုအာမခံစနစ်အရ ဆေးဖိုး ကုန်ကျငွေ များ၊ မီးဖွားခြင်းဆိုင်ရာဝန်ဆောင်မှု သုံးမျိုးအတွက် ပြန်လည်ပေးအပ်သည့် ဆေးဖိုးကုန်ကျစရိတ်များ၊ မကျန်းမာမှု    အကျိုးခံစားခွင့်များနှင့်    အလုပ်တွင် ထိခိုက်မှုအကျိုးခံစားခွင့် အာမခံစနစ်အရလုပ်ငန်းခွင် ထိခိုက်မှုကြောင့် ကိုယ်အင်္ဂါဆုံးရှုံးမှုဖြစ်ပေါ်ခဲ့သော အလုပ်သမားများကို အမြဲတမ်းမသန်စွမ်းမှု ငွေလုံး ငွေရင်းနှင့် သေဆုံးသွားသည့် အာမခံအလုပ်သမား များ၏ ကျန်ရစ်သူမိသားစုများအား ကျန်ရစ်သူအကျိုး ခံစားခွင့်များအတွက် အာမခံအလုပ်သမား ၅၅၄ ဦး အတွက် စုစုပေါင်း ကျပ် ၃၃၃၅၉၁၀၉ သိန်း ပေးအပ် သွားမည်ဖြစ်ပါကြောင်း။

 


၂၀၂၃ ခုနှစ်   အပြည်ပြည်ဆိုင်ရာ အလုပ်သမား နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ရန်ကုန်နှင့် ပဲခူး မြို့တို့တွင်   ပြည်တွင်းအလုပ်အကိုင်အခွင့်အလမ်း ပြပွဲများ (Job Fair)၊   လုပ်ငန်းခွင်ဘေးအန္တရာယ် ကင်းရှင်းရေးနှင့်   ကျန်းမာရေးဆိုင်ရာ  သုံးပွင့်ဆိုင် ဆွေးနွေးပွဲများ၊  အစိုးရ၊  အလုပ်ရှင်၊  အလုပ်သမား သုံးပွင့်ဆိုင်ဆွေးနွေးပွဲများ ကျင်းပပေးခဲ့ပြီး MRTV တွင်လည်း   Talk Show အစီအစဉ်များ   ရိုက်ကူး ထုတ်လွှင့်ပေးခဲ့ပါကြောင်း။

 


အလုပ်အကိုင်အခွင့်အလမ်းပြပွဲများ ကျင်းပပေး ခြင်းအားဖြင့် အလုပ်ရှာဖွေသူများနှင့် အလုပ်သမား လိုအပ်လျက်ရှိသော   အလုပ်ရှင်များကို   အချိန်တို အတွင်း   တစ်နေရာတည်းတွင်   ချိတ်ဆက်ပေးနိုင် သည့်အတွက်     အချိန်ကုန်     ငွေကုန်သက်သာပြီး ပြည်တွင်းအလုပ်အကိုင်အခွင့်အလမ်းများ ပိုမိုတိုး တက်ရရှိစေနိုင်မည်ဖြစ်ပါကြောင်း၊    နိုင်ငံတော်၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုတွင် အဓိကအရေးပါသည့် အလုပ်သမားကြီးများသည်   နိုင်ငံတော်အစိုးရက တစိုက်မတ်မတ်     ဦးတည်ချက်ထား   အကောင် အထည်ဖော် ဆောင်ရွက်နေမှုများကို ပူးပေါင်းပါဝင် ဆောင်ရွက်ခြင်းဖြင့် ပြည်သူများ၏ လူမှုစီးပွားဘဝ များ    တိုးတက်မြင့်မားလာမည်ဖြစ်သည့်အတွက် အလုပ်သမားကြီးများ၏ ကြိုးစားအားထုတ်မှုများကို အမှတ်တရဂုဏ်ပြုပါကြောင်း တိုက်တွန်းပြောကြား သည်။

 


ထို့နောက် အပြည်ပြည်ဆိုင်ရာ အလုပ်သမားနေ့ အထိမ်းအမှတ် စာစီစာကုံး၊ ကဗျာ၊ ပန်းချီ၊ ဆောင်းပါး ပြိုင်ပွဲများ၌ ဆုရရှိသူများနှင့် အဆိုပါနေ့ကို ဂုဏ်ပြု သောအားဖြင့် သွေးလှူဒါန်းသည့် ဝန်ထမ်းများအား ပြည်ထောင်စုဝန်ကြီး၊  ရန်ကုန်တိုင်းဒေသကြီးဝန်ကြီး ချုပ်၊ ဒုတိယဝန်ကြီးနှင့် တိုင်းဒေသကြီး တိုင်းရင်းသား ရေးရာဝန်ကြီးတို့က     ဂုဏ်ပြုမှတ်တမ်းလွှာနှင့် ဂုဏ်ပြုဆုငွေများကို ချီးမြှင့်သည်။

 


 ငွေကြေးအကျိုးခံစားခွင့်များပေးအပ်


ဆက်လက်၍ လူမှုဖူလုံရေး အကျိုးခံစားခွင့်ရရှိ သူများကို    ပြည်ထောင်စုဝန်ကြီး၊    ရန်ကုန်တိုင်း ဒေသကြီးဝန်ကြီးချုပ်၊ ဒုတိယဝန်ကြီးနှင့် တိုင်းဒေသ ကြီး   တိုင်းရင်းသားရေးရာဝန်ကြီးတို့က  ငွေကြေး အကျိုးခံစားခွင့်များကို သက်ဆိုင်သူများထံ ပေးအပ် ခဲ့ကြောင်း သိရသည်။                        

သတင်းစဉ်