“အဉ္ဇလီအငြိမ့်” ဖျော်ဖြေပွဲကို မြန်မာ့အသံနှင့်ရုပ်မြင်သံကြား၌ ပြသမည်

 

နေပြည်တော် စက်တင်ဘာ ၃၀ 


အများပြည်သူ    ပျော်ရွှင်စေရန်၊ အပန်းပြေစေရန်နှင့် စိတ်ခွန်အား သစ်များ    ရရှိနိုင်ရန်အတွက် မြန်မာ့အသံနှင့် ရုပ်မြင်သံကြားမှ ဖျော်ဖြေရေး   အစီအစဉ်များကို တင်ဆက်လျက်ရှိရာ   “အဉ္ဇလီ အငြိမ့်”  ဖျော်ဖြေပွဲကို အောက်တို ဘာ ၂ ရက် စနေနေ့ ည ၈ နာရီ သတင်းအပြီးတွင် မြန်မာ့အသံနှင့် ရုပ်မြင်သံကြား၏  MRTV-HD Channel မှ   ထုတ်လွှင့်ပြသမည် ဖြစ်သည်။


ယင်းဖျော်ဖြေမှုကို စောမင်း နောင်ကစီစဉ်ပြီး  စတားဗိုလ်လှိုင်း (မြန်မာ့အသံ   ဆိုင်းဝိုင်းကြီး)၏  တီးခတ်မှုနှင့်အတူ ခေါင်းဆောင် မင်းသမီး    မီမီခိုင်၊   ရှေ့ထွက် မင်းသမီး ယဉ်ယဉ်ဝေ၊ လူရွှင်တော် များဖြစ်ကြသည့် စောမင်းနောင်၊ ဇော်မင်းထွန်း ၊   လင်းဇော်နိုင်၊ ဇင်ဝိုင်း၊        ကျော်မင်းစိုးနှင့် ကျော်သူရတို့က    ဖျော်ဖြေ တင်ဆက်ကြမည်ဖြစ်သည်။


ထိုသို့တင်ဆက်မှုကို အောက် တိုဘာ  ၆ ရက်   (ဗုဒ္ဓဟူးနေ့) မွန်းလွဲပိုင်း  National   News အစီအစဉ်အပြီးတွင် ဒုတိယအကြိမ် ထမ်မံထုတ်လွှင့်   ပြသမည်ဖြစ် ကြောင်း သိရသည်။    

သတင်းစဉ်