အငယ်တန်းအင်ဂျင်နီယာ(၃) မြို့ပြအလုပ်ခွင်ဝင် Online သင်တန်းဆင်းပွဲကျင်းပ

 

နေပြည်တော်   ဇန်နဝါရီ  ၂၆


ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနက ဇန်နဝါရီ ၁၀ ရက်မှ ၂၅ ရက်အထိ ဖွင့်လှစ်ခဲ့သည့် အငယ်တန်းအင်ဂျင်နီယာ (၃)မြို့ပြ အလုပ်ခွင်ဝင် Online သင်တန်းဆင်းပွဲကို ယမန်နေ့ ညနေပိုင်း က နေပြည်တော်ရှိ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန အစည်းအဝေး ခန်းမ၌ ကျင်းပသည်။

 


သင်တန်းဆင်းပွဲတွင် ဆောက်လုပ်ရေးဝန်ကြီးဌာန ခေတ္တတာဝန်ခံ ညွှန်ကြားရေးမှူးချုပ် ဦးဝဏ္ဏဇော်က သင်တန်းသားများ၏ Capacity Development တိုးတက်လာစေရန်၊ မျိုးဆက်သစ်လူငယ်များအနေဖြင့် ပညာရပ်များကို ကျွမ်းကျွမ်းကျင်ကျင် ဆောင်ရွက်နိုင်စေရန်၊ အင်ဂျင် နီယာကျင့်ဝတ်များကို လိုက်နာနိုင်စေရန်နှင့် ကျေးလက်နေပြည်သူများ ၏ အကျိုးစီးပွား၊ လူမှုဘဝဖွံ့ဖြိုးတိုးတက်စေရန်  စိတ်စေတနာကောင်း များဖြင့် ဆောင်ရွက်ကြရန်  ပြောကြားသည်။

 


သင်တန်းသို့ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ အငယ်တန်း အင်ဂျင်နီယာ(၃) မြို့ပြသင်တန်းသား သင်တန်းသူ ၈၂ ဦး တက်ရောက် ပြီး ခေတ္တတာဝန်ခံ ညွှန်ကြားရေးမှူးချုပ်က သင်တန်းသား သင်တန်းသူ များကို သင်တန်းဆင်းလက်မှတ်ပေးအပ်ကြောင်း သိရသည်။ 


သတင်းစဉ်