
နေပြည်တော် ဒီဇင်ဘာ ၁၅
အငယ်စား ဆီစက်လုပ်ငန်းများအနေဖြင့်လည်း ဆီစက်လုပ်ငန်းများဖွံ့ဖြိုးရေးချေးငွေ အဆိုပြုလွှာ လျှောက်ထားနိုင်ကြောင်း စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာနမှ သိရသည်။
ရင်းနှီးမြှုပ်နှံမှုလိုအပ်ချက်များကို
ဖြည့်ဆည်းပေးရန် ရည်ရွယ်
ပြည်တွင်းဆီစက်များကို အဆင့်မီစက်ပစ္စည်းများ တိုးချဲ့တပ်ဆင်ခြင်း၊ ခေတ်မီဆီစက်အသစ်များ ထပ်မံတည်ဆောက်ခြင်းနှင့် လက်ရှိဆီစက်များ အဆင့်မြှင့်တင်ခြင်းတို့ ဆောင်ရွက်နိုင်ရေးအတွက် နိုင်ငံတော်က ရင်းနှီးမြှုပ်နှံမှုလိုအပ်ချက်များကို ဖြည့်ဆည်းပေးရန် ရည်ရွယ်၍ ဆီစက်လုပ်ငန်း များ ဖွံ့ဖြိုးရေးချေးငွေ ထုတ်ချေးသွားရန် စီစဉ် ဆောင်ရွက်လျက်ရှိသဖြင့် ဆီစက်လုပ်ငန်းများ ချေးငွေအဆိုပြုလွှာများ တင်သွင်းလျှောက်ထားနိုင် မည်ဖြစ်သည်။
စက်မှုဝန်ကြီးဌာန စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာန၏ ဝက်ဘ်ဆိုက်စာမျက်နှာ ဖြစ်သော https://msmewebportal.gov.mm/latest-news/185 တွင်လည်းကောင်း၊ စိုက်ပျိုးရေး နှင့် မွေးမြူရေးဝန်ကြီးဌာန၏ ဝက်ဘ်ဆိုက်စာမျက်နှာ ဖြစ်သော https://www.moali.gov.mm/ my/tender / 2022-11-25t1011090630 တွင် လည်း ကောင်း ကြေညာထားခဲ့ပြီး ပုဂ္ဂလိကစက်မှု လုပ်ငန်း မှတ်ပုံတင်အရ အငယ်စားလုပ်ငန်းများပါ ဆီစက် ချေးငွေ အဆိုပြုလွှာကို လျှောက်ထားနိုင်ပြီဖြစ် သည်။
လျှောက်လွှာပိတ်သိမ်းမည့်ရက်မှာ ယခုလ ၂၇ ရက်ဖြစ်ပြီး ချေးငွေအဆိုပြုလွှာနှင့် စာရွက်စာတမ်း များကို ချိတ်ပိတ်စာအိတ်အတွင်း ထည့်သွင်း၍ စက်မှုဝန်ကြီးဌာန စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေး ရေးဦးစီးဌာနသို့ ပေးပို့လျှောက်ထားနိုင်ကြောင်း သိရှိရသည်။ ကိုရိုး