အင်းဝခေတ် အမျိုးသား/အမျိုးသမီးများ၏ ဝတ်စားဆင်ယင်မှုပုံများဖြင့်  အထူးထုတ် စာပို့တံဆိပ်ခေါင်းသစ် (၂၀၀ ကျပ်တန်) ရောင်းချပေးမည်

 

 

နေပြည်တော်   ဒီဇင်ဘာ   ၆
မြန်မာ့ယဉ်ကျေးမှု     အမွေအနှစ် များကို    ပြန်လည်ဖော်ထုတ်သည့် အနေဖြင့်        ခေတ်အဆက်ဆက် မြန်မာအမျိုးသားများနှင့်  အမျိုး သမီးများ၏    ဝတ်စားဆင်ယင်မှု များကို    အများပြည်သူများနှင့် မျိုးဆက်သစ်လူငယ်များ         ပိုမို အလေးထား   လေ့လာမှတ်သားနိုင် စေရန်ရည်ရွယ်၍     ပို့ဆောင်ရေး နှင့်     ဆက်သွယ်ရေးဝန်ကြီးဌာန မြန်မာ့စာတိုက်လုပ်ငန်းမှ အင်းဝ ခေတ် အမျိုးသား/  အမျိုးသမီးများ ၏   ဝတ်စားဆင်ယင်မှုပုံများဖြင့် အထူးထုတ် စာပို့တံဆိပ်ခေါင်းသစ် (၂၀၀ ကျပ်တန်) နှစ်မျိုးအား ၂၀၂၁ ခုနှစ်   ဒီဇင်ဘာ   ၈ ရက်   မြန်မာ သက္ကရာဇ် ၁၃၈၃ ခုနှစ် နတ်တော် လဆန်း   ၅  ရက်    (ဗုဒ္ဓဟူးနေ့)နံနက်   ၉  နာရီခွဲမှ     စတင်၍ နေပြည်တော်ဗဟိုစာတိုက်ကြီး၊ ရန်ကုန် စာတိုက်ကြီး၊   မန္တလေး စာတိုက်ကြီးတို့နှင့်တိုင်းဒေသကြီး/  ပြည်နယ်များရှိ  စာတိုက်များတွင် ရောင်းချပေးသွားမည် ဖြစ်သည်။
အထူးအစီအစဉ်     တစ်ရပ် အနေဖြင့်        နေပြည်တော်ဗဟို စာတိုက်ကြီး၊   ရန်ကုန်စာတိုက် ကြီးနှင့်    မန္တလေးစာတိုက်ကြီး တို့တွင်   ဒီဇင်ဘာ   ၈   ရက်၌ ဝယ်ယူသော   စာပို့တံဆိပ်ခေါင်း များပေါ်တွင်  နေ့စွဲအမှတ်အသား တံဆိပ်  ရိုက်နှိပ်ပေးမည်ဖြစ်သည်။
ဆက်လက်၍လည်း   ကုန်း ဘောင်ခေတ်၊      ရတနာပုံခေတ် နှင့်         အမရပူရခေတ်   မြန်မာ အမျိုးသားများနှင့်  အမျိုးသမီးများ ၏      ဝတ်စားဆင်ယင်မှုများကို ထုတ်ဝေရောင်းချသွားမည်  ဖြစ် ကြောင်း သိရသည်။  သတင်းစဉ်