အင်္ဂပူမြို့နယ်တွင် နန်ကသူချောင်းရေလျှံမှုကြောင့် ကွင်းကောက်(တောင်)ကျေးရွာအုပ်စုနှင့် ကျွဲသောင်ကျေးရွာအုပ်စုတို့ကို ဆက်သွယ်ဖောက်လုပ်ထားသော တာတမံကျိုးပေါက်မှုဖြစ်

 

အင်္ဂပူ   ဇူလိုင်   ၂၈


ဧရာဝတီတိုင်းဒေသကြီးဟင်္သာတ ခရိုင်         အင်္ဂပူ မြို့နယ်တွင်     နန်ကသူ‌ ချောင်းရေလျှံမှုကြောင့်   ယနေ့နံနက်ပိုင်းက    ကျီကြီး‌ ကျေးရွာအုပ်စု  တဲကြီးစု‌ကျေးရွာရှိ ကွင်းကောက် (တောင်)  ကျေးရွာ အုပ်စုနှင့်   ကျွဲသောင်ကျေးရွာ အုပ်စုတို့ကို    ဆက်သွယ်ဖောက် လုပ်ထားသော    တာတမံအ‌ပေါ် တွင်   ရေတစ်ပေခန့်ကျော်ပြီး အရှည် ၁၂ ပေခန့်ကျိုးပေါက်မှု ဖြစ်ပွားခဲ့သည်။

 


အဆိုပါ      တာတမံကျိုး ပေါက်မှုကြောင့်   ကျီကြီးကျေးရွာ မှ    အိမ်ခြေ ၆၀ ခန့်၊    တဲကြီးစု ကျေးရွာမှ    အိမ်ခြေ ၄၀ ခန့်    ရေဝင်ရောက်ခဲ့ကြောင်းနှင့်   ယင်း တာတမံမှာ     ကွင်းကောက် (တောင်)     ကျေးရွာအုပ်စု၊ ကွင်းလှအုပ်စု၊ ကြခတ်ကွင်းအုပ်စု၊  ကျီကြီးအုပ်စု၊  ကျွဲသောင်ကျေးရွာ အုပ်စုတို့ကို        ဖြတ်သန်း
ဖောက်လုပ်ထားသော  အရှည်၁၂ မိုင် ၄   ဖာလုံ၊ အမြင့် ၉ ပေရှိ    မြေသားတမံအမျိုးအစားဖြစ်ပြီး အဆိုပါ    ကျေးရွာအုပ်စုများရှိ  စပါးစိုက်ဧက    ၈၀၂၂ ဧကကို  ကာကွယ်ထားကြောင်း၊      ယခု တာတမံ   ကျိုးပေါက်မှုကြောင့်  စပါးစိုက်ဧက ၁၉၀၀ ခန့်   ရေဝင် မှုဖြစ်ပေါ်ခဲ့ကြောင်း       သိရ   သည်။

 


မန်းကျော်(ပြန်/ဆက်)