အင်ဒိုနီးရှားနှင့် ဩစတြေးလျ  နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်ရန် သဘောတူညီ

 

 

ဂျကာတာ    ဇွန်    ၆
အင်ဒိုနီးရှားသမ္မတ ဂျိုကိုဝီဒိုဒိုသည် အလုပ်သဘောအလည်အပတ်ရောက်ရှိနေသည့် ဩစတြေးလျ ဝန်ကြီးချုပ် အန်တိုနီ အယ်ဘာနီးစ်အား အနောက်ဂျာဗားကျွန်း ဘိုဂေါမြို့ရှိ သမ္မတအိမ်တော်၌ ဇွန် ၆ ရက်က လက်ခံတွေ့ဆုံသည်။   
ဩစတြေးလျဝန်ကြီးချုပ်  အယ်ဘာနီးစ်သည် ဝန်ကြီးများနှင့်အတူ    နှစ်နိုင်ငံအကြား  ပူးပေါင်း ဆောင်ရွက်မှုဆိုင်ရာများ ဆွေးနွေးရန် အင်ဒိုနီးရှား နိုင်ငံ ဂျကာတာသို့ ဇွန် ၅ ရက်မှစ၍ သုံးရက်ကြာ ခရီးသွားရောက်ခြင်းဖြစ်သည်။
နှစ်နိုင်ငံခေါင်းဆောင်များသည်   ဘိုဂေါမြို့၌ သမ္မတအိမ်တော်အနီး      ရုက္ခဗေဒဥယျာဉ်၌ တွေ့ဆုံရာတွင် ယေဘုယျအားဖြင့် နှစ်နိုင်ငံအကြား ကောင်းမွန်သည့်ဆက်ဆံရေးသည်   ဒေသတွင်း ငြိမ်းချမ်းရေးနှင့် သာယာဝပြောရေးကို အထောက် အကူဖြစ်စေကြောင်း  အင်ဒိုနီးရှားသမ္မတ ဂျိုကို ဝီဒိုဒိုက သတင်းထောက်များကို ပြောကြားသည်။
နှစ်နိုင်ငံအကြား    ဒေသတွင်း   မဟာဗျူဟာ မြောက် ယှဉ်ပြိုင်မှုများကို စနစ်တကျစီမံခန့်ခွဲရန် လိုအပ်ကြောင်း၊    ငြိမ်းချမ်းရေး၊  ယဉ်ကျေးမှုနှင့် ပိုမိုခိုင်မာသည့် မဟာဗျူဟာမြောက် ယုံကြည်မှုများ ကို ရေရှည်တည်တံ့စွာ တည်ဆောက်ကြရမည်ဖြစ် ကြောင်း၊   ပစိဖိတ်ဒေသတွင်း   မိတ်ဖက်ပူးပေါင်း ဆောင်ရွက်မှုများဖြစ်သည့် ရာသီဥတုပြောင်းလဲမှု ဆိုင်ရာများ၊   ငါးဖမ်းလုပ်ငန်းနှင့်   စိုက်ပျိုးရေး လုပ်ငန်းများတွင် နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်ရန် သဘောတူညီမှုများ ရရှိခဲ့ကြောင်း သမ္မတ ဂျိုကို ဝီဒိုဒိုက ထပ်လောင်းပြောကြားသည်။ 
ဆင်ဟွာ