အင်ဒိုနီးရှားနိုင်ငံတွင် နေ့စဉ် ကိုဗစ် - ၁၉ ကူးစက်မှုနှုန်း အမြင့်ဆုံးဖြစ်နေ

ဂျကာတာ   ဇွန်   ၂၇
အင်ဒိုနီးရှားနိုင်ငံတွင် ကိုဗစ် - ၁၉ ကူးစက်မှုပြန်လည် များပြားလာခြင်းနှင့် ရင်ဆိုင်နေရပြီး နေ့စဉ်ကူးစက်မှု နှုန်းမှာ   ဇွန်  ၂၆   ရက်က   ၂၀၀၀၀ ကျော်ရှိခဲ့ပြီး ကူးစက်မှုအများဆုံးအဖြစ် စံချိန်တင်ခဲ့သည်။ 
အင်ဒိုနီးရှားနိုင်ငံသည် အရှေ့တောင်အာရှတွင် ကိုဗစ် - ၁၉     ကူးစက်မှု    အများဆုံးနိုင်ငံလည်း  ဖြစ်သည်။ နိုင်ငံအတွင်း   နေ့စဉ်ကူးစက်မှုနှုန်းမှာ ကူးစက်မှုများ ပြန်လည်များမလာစဉ်က  ယာယီအား ဖြင့် ၂၄၀၀ အထိ ကျဆင်းခဲ့ဖူးသည်။ 
ယခုလအစောပိုင်းတွင် ကူးစက်မှုများ ပြန်လည်  များပြားလာပြီး ဇွန် ၂၆ ရက်တွင် ကူးစက်ခံရသူ ၂၁၀၉၅ ဦးအထိ တွေ့ရှိခဲ့ရသည်။ 
အိန္ဒိယနိုင်ငံတွင်       ပထမဆုံးတွေ့ရှိရသည့် ကိုဗစ် - ၁၉    ဗီဇပြောင်း     ဒယ်တာကူးစက်မှုမှာ  အင်ဒိုနီးရှားနိုင်ငံတွင် ပျံ့နှံ့နေပြီဟု သိရသည်။ တိုင်း ပြည်အတွင်းရှိ ကျန်းမာရေးစနစ်မှာလည်း ရုန်းကန် နေရသည်။   မြို့တော်ဂျကာတာတွင်   ကိုဗစ် - ၁၉ လူနာများအတွက် ပြုလုပ်ထားသောလူနာ  ခုတင် ၉၀  ရာခိုင်နှုန်းကျော်မှာလည်း လူနာများနှင့် ပြည့် နှက်နေသည်။ 
အနောက်ဂျာဗားပြည်နယ်တွင်   လူနာခုတင် ပြတ်တောက်မှုကြောင့် ဆေးရုံပြင်ပတွင် လူနာများ အတွက် ယာယီတဲများ ထိုးထားရသည်။ 
အင်န်အိတ်ချ်ကေ