အင်ဒိုနီးရှားနိုင်ငံတွင် ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားသူပေါင်း ၄၂၇၂၄၂၁ ဦးအထိ ရှိလာ

 

 

ဂျကာတာ   ဇန်နဝါရီ   ၁၇   
အင်ဒိုနီးရှားနိုင်ငံတွင်    ဇန်နဝါရီ ၁၇ ရက်က   ကိုဗစ်-၁၉   ထပ်မံ ကူးစက်ဖြစ်ပွားသူ     ၇၇၂   ဦး တိုးလာမှုနှင့်အတူ နိုင်ငံအတွင်း ကိုဗစ်-၁၉   ကူးစက်ဖြစ်ပွားသူ ပေါင်း ၄၂၇၂၄၂၁ ဦးအထိ ရှိလာခဲ့ သည်။ 
အိုမီခရွန် ကူးစက်ဖြစ်ပွားသူ ပေါင်း     ဇန်နဝါရီ   ၁၅  ရက်က ၇၄၈ ဦး တိုးလာခဲ့ရာ ယင်းအနက် ၅၆၉   ဦးမှာ   နိုင်ငံခြားကူးစက် ဖြစ်ပွားမှုဖြစ်ပြီး       ၅၁   ဦးမှာ ပြည်တွင်း   ကူးစက်ဖြစ်ပွားမှုဖြစ် ကြောင်း အဆင့်မြင့်အရာရှိတစ်ဦး ဖြစ်သူ ဆီတီနာဒီယာ တာမီဇီက ပြောသည်။ 
နိုင်ငံခြား  ကူးစက်ဖြစ်ပွားမှု အများစုမှာ   ဆော်ဒီအာရေဗျမှ ဖြစ်ကြောင်း၊  ထို့နောက်  တူရကီ၊ အမေရိကန်ပြည်ထောင်စု၊ မလေး ရှားနှင့်       အာရပ်စော်ဘွားများ ပြည်ထောင်စုတို့    ဖြစ်ကြောင်း  ၎င်းက    ဆက်လက်   ပြောကြား သည်။ 
ဇန်နဝါရီ ၁၇ ရက်အထိကိုဗစ်- ၁၉  ဖြင့် သေဆုံးသူ ၁၄၄၁၇၄ ဦး အထိ ရှိလာကြောင်း ကျန်းမာရေး ဝန်ကြီးဌာနကဖော်ပြသည်။ 
လွန်ခဲ့သော ၂၄ နာရီအတွင်း ကိုဗစ်-၁၉       ကူးစက်ဖြစ်ပွားမှု မှ     ပြန်လည်ကောင်းမွန်လာပြီး ဆေးရုံမှဆင်းလာသူ      ၅၉၈  ဦး ရှိလာသောကြောင့်     စုစုပေါင်း ကိုဗစ်-၁၉       ကူးစက်ဖြစ်ပွားမှု မှ      ပြန်လည်ကောင်းမွန်လာသူ  ၄၁၁၉၄၇၂ ဦးအထိ ရှိလာသည်။ 
ယနေ့အချိန်အထိ   လူပေါင်း အနည်းဆုံး ၁၇၀ ဒသမ ၅၃ သန်း ကိုဗစ်-၁၉  ကာကွယ်ဆေးထိုးနှံ ပြီးပြီဖြစ်ကြောင်း၊    ကိုဗစ်-၁၉ ကာကွယ်ဆေးနှစ်ကြိမ် ထိုးနှံပြီး သူပေါင်း   ၁၁၆  ဒသမ ၉   သန်း ရှိကြောင်း   ကျန်းမာရေးဝန်ကြီး ဌာနက သတင်းထုတ်ပြန်ကြေညာ လိုက်သည်။  
အစိုးရသည် နိုင်ငံ့လူဦးရေ၏ ၈၀ ရာခိုင်နှုန်းဖြစ်သည့်  ပြည်သူ ၂၀၈ ဒသမ ၂၆ သန်းကို ကာကွယ် ဆေးထိုးပေးနိုင်ရန် ရည်မှန်းချက် ထား ဆောင်ရွက်လျက်ရှိသည်။ 
ဆင်ဟွာ