
ဂျကာတာ ဩဂုတ် ၁၇
အင်ဒိုနီးရှားနိုင်ငံ၌ လွန်ခဲ့သည့်တစ်ရက်အတွင်း ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ ၂၀၇၄၁ ဦးရှိခြင်း ကြောင့် နိုင်ငံတစ်ဝန်း၌ ကိုဗစ်-၁၉ ရောဂါကူးစက် ခံရသူစုစုပေါင်း ၃၈၉၂၄၇၉ ဦးရှိလာကြောင်းနှင့် ကိုဗစ်-၁၉ ရောဂါကြောင့်သေဆုံးသူ ၁၁၈၀ ထပ်မံ တိုးလာခြင်းကြောင့် ကိုဗစ်-၁၉ ရောဂါကြောင့် သေဆုံးသူစုစုပေါင်း ၁၂၀၀၁၃ ဦးရှိလာကြောင်း အင်ဒိုနီးရှားကျန်းမာရေးဝန်ကြီးဌာနက ပြောကြား သည်။
အင်ဒိုနီးရှား ကျန်းမာရေးဝန်ကြီးဌာန၏ ပြောကြားချက်အရ လွန်ခဲ့သည့်တစ်ရက်အတွင်း အင်ဒိုနီးရှားနိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါမှ ပြန်လည် ကျန်းမာလာသဖြင့် ဆေးရုံများမှ ဆင်းခွင့်ရရှိသူ ၃၂၂၂၅ ဦးရှိခြင်းကြောင့် ကိုဗစ်-၁၉ ရောဂါမှ ပြန်လည်ကျန်းမာလာသူ စုစုပေါင်း ၃၄၁၄၁၀၉ ဦး ရှိလာကြောင်း သိရသည်။
လက်ရှိတွင် အင်ဒိုနီးရှားနိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးတစ်ကြိမ်ထိုးနှံပြီးသူ ၅၄ ဒသမ ၉၈ သန်းနှင့် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး
နှစ်ကြိမ်စလုံးထိုးနှံပြီးသူ ၂၉ ဒသမ ၁၅ သန်းရှိ ကြောင်း အင်ဒိုနီးရှားနိုင်ငံ ကျန်းမာရေးဝန်ကြီးဌာနက ပြောကြားသည်။
ကိုးကား-ဆင်ဟွာ၊ ဘာသာပြန်-အလင်းသစ်