အင်ဒိုနီးရှားနိုင်ငံ၌ ကိုဗစ်-၁၉ ထပ်မံကူးစက်ဖြစ်ပွားသူ ၄၀၄၂၇ ဦးနှင့် သေဆုံးသူ ၈၉၁ ဦးတိုးလာ

 

 

ဂျကာတာ   ဇူလိုင်   ၁၂


အင်ဒိုနီးရှားနိုင်ငံ၌    လွန်ခဲ့သော  ၂၄ နာရီအတွင်း ကိုဗစ်-၁၉ ထပ်မံကူးစက်ဖြစ်ပွားသူ ၄၀၄၂၇ ဦး ရှိကြောင်း ဖော်ပြမှုနှင့်အတူ စုစုပေါင်း နိုင်ငံအတွင်း ကိုဗစ်-၁၉   ကူးစက်ဖြစ်ပွားသူပေါင်း  ၂၅၆၇၆၃၀ ရှိလာပြီဖြစ်ကြောင်း   ကျန်းမာရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ဖော်ပြလိုက်သည်။
ထို့အပြင် ကိုဗစ်-၁၉ ဆက်စပ်သေဆုံးသူ ၈၉၁ ဦး တိုးလာသောကြောင့် နိုင်ငံတစ်ဝန်း ကိုဗစ်-၁၉ ကြောင့် စုစုပေါင်းသေဆုံးသူ  ၆၇၃၅၅ ဦး ရှိလာ ခဲ့သည်။
ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားမှုမှ ကောင်းမွန်လာပြီး ဆေးရုံမှဆင်းလာသူ ၃၄၇၅၄ ဦး တိုးလာမှုကြောင့် စုစုပေါင်း ကိုဗစ်-၁၉ ကင်းစင်သွားသူ ၂၁၁၉၄၇၈ ဦး ရှိလာပြီဖြစ်သည်။ 
ကိုဗစ်-၁၉ ဗိုင်းရပ်စ်သည် နိုင်ငံ၏ပြည်နယ်ပေါင်း ၃၄ ခုသို့ ပျံ့နှံ့လျက်ရှိသည်။ 
အထူးသဖြင့် လွန်ခဲ့သော ၂၄ နာရီက ဂျကာတာ ၌  ကိုဗစ်-၁၉   ကူးစက်ဖြစ်ပွားသူ ၁၄၆၁၉ ဦး၊ အနောက်ဂျာဗားတွင် ၇၉၄၂ ဦး၊ အလယ်ဂျာဗားတွင် ၂၉၂၈ ဦး၊ အရှေ့ဂျာဗားတွင် ၂၇၄၂ ဦးနှင့် ဘန်တန်း တွင် ၂၆၃၉ ဦးရှိကြောင်း သိရသည်။ 
ဆင်ဟွာ