အင်ဒိုနီးရှားနိုင်ငံ၌ ကိုဗစ် - ၁၉ လူနာ များပြားလာ ဆေးဘက်သုံးအောက်ဆီဂျင်ပြတ်တောက်မှုနှင့် ရင်ဆိုင်နေကြရ

ဂျကာတာ ဇူလိုင် ၁၁
အင်ဒိုနီးရှားနိုင်ငံရှိဆေးရုံများ၌  ကိုဗစ် -၁၉ လူနာ များပြားလျက်ရှိပြီး ဆေးဘက်သုံးအောက်ဆီဂျင် ပြတ်တောက်မှုနှင့်လည်း ရင်ဆိုင်ကြုံတွေ့နေရသည် ဟုသိရသည်။ ကိုဗစ် -၁၉ လူနာများမှာ တစ်စ တစ်စများပြားနေပြီး  ဆေးရုံများတွင်  အောက်ဆီဂျင် ဖြည့်တင်းပေးနိုင်မှုမှာ နည်းပါးလာသည်။ 
အချို့သော    ဆေးရုံများတွင်       အသက်ရှူ လမ်းကြောင်းပြဿနာဖြင့်ဆေးရုံတက်ရမည့် လူနာ သစ်များကို  လက်ခံနိုင်တော့ခြင်းမရှိသည့်  အခြေ အနေသို့ ရောက်လာသည်။ ဇူလိုင်  ၉  ရက်တွင် အင်ဒိုနီးရှားနိုင်ငံ၌ ကိုဗစ်-၁၉ လူနာ ၂၄၉၁၀၀၆ ဦး ရှိခဲ့ပြီး သေဆုံးသူ ၈၂၆ ဦးရှိခဲ့သည်ဟု  ကျန်းမာရေး ဝန်ကြီးဌာနက ပြောသည်။
အင်ဒိုနီးရှား ပြည်သူ့ကျန်းမာရေးကျွမ်းကျင်သူများအဖွဲ့ကလည်း   ဇွန်လနှင့်   ဇူလိုင်လတို့တွင် ကူးစက်မှုများ သိသိသာသာတိုးလာမည်ဟု ခန့်မှန်း ခဲ့ကြသည်။ ဇွန်လအစောပိုင်းမှ ဇူလိုင်လအစောပိုင်း အထိ လူပေါင်း ၃၂၄ ဦးမှာ  နေအိမ်၌သာ  ဆေးဝါး ကိရိယာမပြည့်မစုံဖြင့် ကုသခဲ့ရ၍ သေဆုံးခဲ့ရသည် ဟု သိရသည်။ အင်ဒိုနီးရှားစက်မှုဝန်ကြီး အာဂတ်စ် ဂမ်မီဝင်းက    အင်ဒိုနီးရှားဓာတ်ငွေ့ထုတ်လုပ်ရေး အသင်းနှင့် တွေ့ဆုံကာ ဆေးရုံများမှ   ကိုဗစ် - ၁၉ လူနာများအတွက်   ဆေးဘက်သုံးအောက်ဆီဂျင်     လုံလုံလောက်လောက်     ထုတ်လုပ်ပေးနိုင်ရေး   ဆွေးနွေးတိုင်ပင်ခဲ့သည်။                      ဆင်ဟွာ