
ဂျကာတာ သြဂုတ် ၆
အင်ဒိုနီးရှားနိုင်ငံ၌ လွန်ခဲ့သော ၂၄ နာရီအတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူ ၃၉၅၃၂ ဦး ထပ်မံ စစ်ဆေးတွေ့ရှိခဲ့ရာ နိုင်ငံအတွင်း၌ ဗိုင်းရပ်စ် ကူးစက်ခံရသူပေါင်း ၃၆၀၇၈၆၃ ဦးရှိလာပြီဖြစ်ကြောင်း အင်ဒိုနီးရှားကျန်းမာရေးဝန်ကြီးဌာနက ယနေ့ သတင်းထုတ်ပြန် သည်။
အလားတူ လွန်ခဲ့သော ၂၄ နာရီ အတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုကြောင့် ၁၆၃၅ ဦး ထပ်မံ သေဆုံးခဲ့ရာ အဆိုပါရောဂါကြောင့် သေဆုံးသူပေါင်း ၁၀၄၀၁၀ ရှိလာ ပြီဖြစ်သည်။
သို့သော်လွန်ခဲ့သော ၂၄ နာရီ အတွင်း ၄၈၈၃၂ ဦး ကျန်းမာရေး အခြေအနေ ကောင်းမွန်လာပြီး ဆေးရုံများမှ ပြန်လည်ဆင်းသွား သည့်အတွက် လက်ရှိအချိန်အထိ ဆေးရုံမှ ပြန်လည်ဆင်းသွားသူ ပေါင်း ၂၉၉၆၄၇၈ ဦး ရှိလာသည်။
နိုင်ငံအတွင်းရှိ ပြည်နယ် ၃၄ ခုသို့ ကိုဗစ်-၁၉ ရောဂါ ကူးစက် ပျံ့နှံ့လျက်ရှိပြီး အချို့ဒေသများ တွင် ဒယ်လ်တာဗီဇပြောင်း ဗိုင်းရပ်စ်ကူးစက်မှုများ မြင့်တက် လျက်ရှိကြောင်း သိရသည်။
လက်ရှိအချိန်အထိ ကာကွယ် ဆေးနှစ်ကြိမ်စလုံးထိုးနှံမှုခံယူပြီးသူ ၂၂ ဒသမ ၈၉ သန်းရှိပြီး ကာကွယ်ဆေး တစ်ကြိမ်ထိုးနှံမှု ခံယူပြီးသူ ၄၉ ဒသမ ၃၉ သန်းရှိ သည်။
နိုင်ငံတစ်ဝန်း၌ ပြည်သူ ၂၀၈ ဒသမ ၂ သန်းအား ကာကွယ်ဆေး ထိုးနှံပေးရန် အင်ဒိုနီးရှားအစိုးရက စီစဉ်ထားသည်။
ကိုးကား- ဆင်ဟွာ
ဘာသာပြန်- အောင်ကျော်ကျော်
n