
ဂျကာတာ မေ ၃၀
အင်ဒိုနီးရှားနိုင်ငံအလယ်ပိုင်း၌ နစ်မြုပ်ပျောက်ဆုံး ခဲ့သော သင်္ဘောကိုရှာဖွေရန် ကယ်ဆယ်ရေးသမား များသည် သင်္ဘောနစ်မြုပ်ရာနေရာ၏ အရှေ့မြောက် ဘက် ရေမိုင် ၄၅ မိုင် (၈၃ ကီလိုမီတာ) အထိ တိုးချဲ့ ရှာဖွေလျက်ရှိသည်။
အဘယ်ကြောင့်ဆိုသော် အဆိုပါနေရာ၌ သင်္ဘောနစ်မြုပ်မှုတွင် အသက်ဘေးကြုံတွေ့ခဲ့သူများ ကို အများဆုံးရှာဖွေတွေ့ရှိခဲ့သော ကြောင့်ဖြစ်ကြောင်း ဆူလာဝေဆီတောင်ပိုင်းပြည်နယ် ကယ်ဆယ်ရေးနှင့် ရှာဖွေရေးရုံးတာဝန်ခံနှင့် ကယ်ဆယ်ရေးသမား မွတ်တီအလီက ပြောကြားလိုက်သည်။
ဆူလာဝေဆီတောင်ပိုင်းပြည်နယ် မာကာဆာ ရေလက်ကြား သင်္ဘောနစ်မြုပ်မှုတွင် အသက်ရှင် လျက် ပြန်လည်တွေ့ရှိခဲ့သူအရေအတွက်မှာ ယခု ဆိုလျှင် ၃၁ ဦးအထိ ရောက်ရှိလာပြီဖြစ်သော်လည်း ၁၁ ဦးမှာ ဆက်လက်ပျောက်ဆုံးလျက်ရှိသည်။
ယနေ့ ကယ်ဆယ်ရေးများကို ခဏရပ်ပြီး မနက်ဖြန်တွင် ဆက်လက်ရှာဖွေသွားမည်ဖြစ် ကြောင်း၊ တချို့သင်္ဘောများမှာ ကမ်းသို့ပြန်ကပ်ပြီး တချို့သင်္ဘောများမှာ ပင်လယ်ပြင်တွင် ဆက်လက် ကျန်ရစ်ခဲ့မည်ဖြစ်ကြောင်း မွတ်တီအလီက ပြောကြား လိုက်သည်။
အဆိုပါသင်္ဘောသည် မေ ၂၆ ရက်က လှိုင်းလုံး ကြီးများကြားတွင် နစ်မြုပ်ပျောက်ဆုံးခဲ့သော် လည်း အဆိုပါဖြစ်စဉ်ကို မေ ၂၈ ရက်ရောက်မှသာ သက်ဆိုင်ရာ တာဝန်ရှိသူများကို သတင်းပေးပို့ ခဲ့ကြောင်း ကယ်ဆယ်ရေးနှင့် ရှာဖွေရေးရုံး အဆင့်မြင့်အရာရှိတစ်ဦးဖြစ်သူ ဝါဟစ်ဒီဂျေက ပြောသည်။
လှိုင်းလုံးကြီးများနှင့်ဆုံတွေ့စဉ် သင်္ဘောမှာ စက်ပိုင်းဆိုင်ရာ ချွတ်ယွင်းမှုဖြစ်ပွားခဲ့ကြောင်း ၎င်းက ပြောကြားခဲ့သည်။
ဆင်ဟွာ