အင်ဒိုနီးရှားအနောက်ဆူမားတြားတွင် မီးတောင်ပေါက်ကွဲမှုကြောင့် တောင်တက်သမား ၁၃ ဦး သေဆုံး

 

ဂျကာတာ   ဒီဇင်ဘာ   ၆ 
အင်ဒိုနီးရှားနိုင်ငံ အနောက်ဆူမားတြား တွင် တနင်္ဂနွေနေ့က မီးတောင်ပေါက်ကွဲမှု ကြီးကြီးမားမား        ဖြစ်ပွားခဲ့ပြီးနောက် တောင်တက်သမား ၁၃ ဦး သေဆုံးခဲ့သည်။ ဒေသခံကယ်ဆယ်ရေးသမား ၂၀၀ ကျော် ပါဝင်သော အဖွဲ့လိုက် ရှာဖွေကယ်ဆယ် ရေး  လုပ်ငန်းများက  မာရပီမီးတောင်၌     ပျောက်ဆုံးလျက်ရှိသော တောင်တက် သမား   ၁၀  ဦးကို   ဆက်လက်ရှာဖွေ လျက်ရှိသည်။ 
သို့သော်လည်း ၎င်းတို့သည် မကြာ ခဏဖြစ်ပွားလျက်ရှိသော    အသေးစား ပေါက်ကွဲမှုများနှင့်      ရင်ဆိုင်နေရသော ကြောင့် ရှာဖွေရေးလုပ်ငန်းများ နှောင့်နှေး လျက်ရှိသည်။  ပဒါန်ဒေသ  အမျိုးသား ရှာဖွေရေးနှင့် ကယ်ဆယ်ရေးဌာန  အကြီး အကဲ  အဗ္ဗဒူမာလစ်ခ်က  ယနေ့  နံနက် အထိ   မီးတောင်ပြာများ  ဖုံးလွှမ်းလျက် ရှိသောကြောင့်    တောင်ပေါ်ရှိ      အခြေ အနေများကို   မြင်တွေ့ရန်  ခက်ခဲလျက်ရှိ ကြောင်း ပြောသည်။ 
၂၀၁၁ ခုနှစ်ကတည်းက တောင်တက် သမားများကို   အဆိုပါ    မီးတောင်နှင့် သုံးကီလိုမီတာ အကွာအဝေးအတွင်း လာ ရောက်ခြင်းမပြုရန် အင်ဒိုနီးရှား မီးတောင် ဌာနက သက်ဆိုင်ရာအာဏာပိုင်များကို သတိပေးထားသည်။ သေဆုံးသူအများစု မှာ မီးတောင်ဝအနီးတွင် တွေ့ရှိသည်။ 
သက်ဆိုင်ရာ            ဒေသအေဂျင်စီ အသီးသီးက    တောင်တက်ခွင့်ပြုမှသာ တောင်တက်ခွင့်ပြုချက်များကို   ထုတ်ပေး ခြင်းဖြစ်ကြောင်းနှင့် တနင်္ဂနွေနေ့ မီးတောင် ပေါက်ကွဲမှုဖြစ်ပွားချိန်တွင်     မီးတောင် တက်ရန်   စာရင်းပေးထားသူ ၇၅ ဦးအထိ ရှိကြောင်း သိရသည်။                       
အင်န်အိတ်ချ်ကေ