အင်းစိန်မြို့နယ် လောကချမ်းသာ အဘယလာဘမုနိရုပ်ပွားတော်မြတ်ကြီး(ကျောက်တော်ကြီးဘုရား)၌ (၂၂)ကြိမ်မြောက် ဗုဒ္ဓါဘိသေကအနေကဇာ၊ ဗုဒ္ဓပူဇနိယပွဲတော် ကျင်းပ

 

ရန်ကုန်  ဖေဖော်ဝါရီ   ၄


ရန်ကုန်တိုင်းဒေသကြီး    အင်းစိန် မြို့နယ်   ကြို့ကုန်းအရှေ့ရပ်ကွက် မင်းဓမ္မလမ်းရှိ  လောကချမ်းသာ အဘယလာဘမုနိ ရုပ်ပွားတော် မြတ်ကြီး      (ကျောက်တော်ကြီး ဘုရား)၌ (၂၂)ကြိမ်မြောက်  ဗုဒ္ဓါ ဘိသေကအနေကဇာ၊  ဗုဒ္ဓပူဇနိယ ပွဲတော် အခမ်းအနားနှင့်  ဆွမ်း ဆန်တော်၊   လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းပွဲကို   ယနေ့ နံနက်  ၇ နာရီခွဲက ကျင်းပသည်။

 


ကျင်းပရာတွင်  အသောကာရုံ ရွှေကျင်ကျောင်းတိုက် ဆရာတော် ဘဒ္ဒန္တနန္ဒသာရထံမှ    သီလခံယူ ၍    ရေစက်သွန်းချ   တရားနာ ယူပြီး    ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်   ဦးစိုးသိန်း၊   ရန်ကုန် တိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ် ညွန့်ဝင်းဆွေ၊     တိုင်းဒေသကြီး          လုံခြုံရေးနှင့်       နယ်စပ်ရေးရာ ဝန်ကြီး ဗိုလ်မှူးကြီး ဝင်းတင့်နှင့်  တိုင်းဒေသကြီး    ဝန်ကြီးများ၊ အင်းစိန်ခရိုင်    စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ  ဦးသန့်ဇင်၊   အဖွဲ့ဝင် (၁) ဒုတိယဗိုလ်မှူးကြီး  နေသွေး၊ ဒုတိယဗိုလ်မှူးကြီး   ကျော်စိုးဦး၊ အင်းစိန်မြို့နယ် စီမံအုပ်ချုပ်ရေး အဖွဲ့  ဥက္ကဋ္ဌ   ဦးစိုးမင်းထွဋ်၊ အဖွဲ့ဝင်(၁)   ဗိုလ်မှူးသုခလှိုင်၊ အဖွဲ့ဝင်(၃) ဦးညီညီစိုးနှင့် မြို့နယ် အဆင့်ဌာနဆိုင်ရာများ၊   လူမှုရေး အသင်းအဖွဲ့များ၊   ကျောက်တော် ကြီး ဘုရားဂေါပကအဖွဲ့ဝင်များနှင့် ဖိတ်ကြားထားသူများ၊  အလှူရှင် များနှင့်      တာဝန်ရှိသူများက ပင့်သံဃာ   ၁၈  ပါးအား    ဆွမ်း ဆန်တော်နှင့်  လှူဖွယ်ပစ္စည်းများ ဆက်ကပ်    လှူဒါန်းခဲ့ကြောင်း သိရသည်။


မျိုးမင်းသိန်း(မရမ်းကုန်း)