
နေပြည်တော် မေ ၁
မေ ၁ ရက် ည ၉ နာရီ ၄၅ မိနစ်၊ ၃၈ စက္ကန့်အချိန်တွင် ဟားခါး မြေငလျင်စခန်းမှ အရှေ့-အရှေ့မြောက်ဘက် မိုင် ၄၀ ခန့်အကွာ၊ မြန်မာနိုင်ငံပြည်တွင်း (မင်းကင်းမြို့၏ အနောက်တောင်ဘက် ၁၈ မိုင်ခန့်အကွာ)၊ မြောက်လတ္တီတွဒ် ၂၂ ဒသမ ၇၆ ဒီဂရီ၊ အရှေ့ လောင်ဂျီတွဒ် ၉၄ ဒသမ ၂၄ ဒီဂရီ၊ အနက် ၁၁၂ ကီလိုမီတာကို ဗဟိုပြု၍ အင်အားရစ်(ခ်)တာစကေး ၅ ဒသမ ၄ အဆင့်ရှိ အင်အား အသင့်အတင့်ရှိသော မြေငလျင်တစ်ခု လှုပ်ရှားသွားကြောင်း တိုင်းထွာရရှိသည်။
မိုး/ဇလ