အနောက်တောင်တိုင်းစစ်ဌာနချုပ်နှင့် ကွပ်ကဲမှုအောက် တပ်ရင်း/တပ်ဖွဲ့များမှ ရခိုင်ပြည်နယ်အတွင်းရှိ မုန်တိုင်းဒဏ်သင့်ပြည်သူများအား ဆန်၊ ဆီနှင့် စားသောက်ကုန်ပစ္စည်းများ လှူဒါန်း

 

နေပြည်တော်  ဇွန်    ၁
ဆိုင်ကလုန်းမုန်တိုင်း (မိုခါ)တိုက်ခတ်မှုကြောင့် ထိခိုက်ပျက်စီး ဆုံးရှုံးမှုများ ဖြစ်ပေါ်ခဲ့သည့်  ရခိုင်ပြည်နယ်အတွင်းရှိ  မုန်တိုင်း ဒဏ်သင့်ပြည်သူများအား အနောက်တောင်တိုင်းစစ်ဌာနချုပ်နှင့်  ကွပ်ကဲမှုအောက်  တပ်ရင်း/တပ်ဖွဲ့များမှ  ဆန်၊   ဆီနှင့် စားသောက်ကုန်ပစ္စည်းများ လှူဒါန်းရန်အတွက် တိုင်းစစ်ဌာန ချုပ် ဧရာဝတီခန်းမ၌  စုဖွဲ့ပြင်ဆင်ထားရှိမှုအခြေအနေများကို ယနေ့ နံနက်ပိုင်းတွင် တိုင်းမှူး  ဗိုလ်မှူးချုပ်   ကြည်ခိုင်နှင့် တာဝန်ရှိသူများက သွားရောက်ကြည့်ရှုသည်။


အဆိုပါ   လှူဒါန်းပစ္စည်းများအား   တိုင်းစစ်ဌာနချုပ်မှ  မော်တော်ယာဉ်များဖြင့် သယ်ဆောင်၍ ပုသိမ်မြို့မှ ရန်ကုန်မြို့ရှိ မင်္ဂလာဒုံလေဆိပ်သို့ ပို့ဆောင်ပြီး  ၎င်းမှတစ်ဆင့်  ရခိုင်ပြည်နယ် အတွင်းရှိ   မုန်တိုင်းဒဏ်သင့်ပြည်သူများကို   ဆက်လက်ပေးပို့ လှူဒါန်းမည်ဖြစ်ကြောင်းနှင့် ဧရာဝတီတိုင်းဒေသကြီး အစိုးရ အဖွဲ့၊ တိုင်းစစ်ဌာနချုပ်နှင့် ကွပ်ကဲမှုအောက် တပ်ရင်း/တပ်ဖွဲ့ များမှ လှူဒါန်းသည့် အပင်မျိုးစုံ ၄၉၁၇၆ ပင်နှင့် ဆောက်လုပ်ရေး သုံးပစ္စည်းများကို    ဟိုင်းကြီးကျွန်းမြို့     ကမ်းထိုးရပ်မှ စစ်ရေယာဉ်ဖြင့်   သယ်ဆောင်ပြီး   ရခိုင်ပြည်နယ်အတွင်းရှိ လေဘေးသင့်ဒေသများကို ပေးပို့လှူဒါန်း သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။                                              သတင်းစဉ်