အနောက်မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးဒိုင်း ပြေး၊ ခုန်၊ ပစ် ပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုပေးပွဲ ကျင်းပ

 

နေပြည်တော်    ဇူလိုင်    ၂၈


အနောက်မြောက် တိုင်းစစ်ဌာန ချုပ်၏ ၂၀၂၂   ခုနှစ်  (၂၆)  ကြိမ် မြောက် တိုင်းမှူး တံခွန်စိုက်ဒိုင်း  ပြေး၊ ခုန်၊ ပစ် ပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုပေးပွဲကို ယနေ့နံနက်ပိုင်းတွင် တိုင်းစစ်ဌာနချုပ်၊     အားကစား ကွင်း၌     ကျင်းပရာ      တိုင်းမှူး ဗိုလ်မှူးချုပ်       သန်းထိုက်နှင့် အရာရှိ၊   စစ်သည်၊   မိသားစုများ၊ ဒိုင်အဖွဲ့ဝင်များနှင့်      ပြိုင်ပွဲဝင် အားကစားသမားများ       တက် ရောက်ကြသည်။

 


ဦးစွာ   တိုင်းမှူးနှင့်    တက် ရောက်လာကြသူများက     ပြိုင်ပွဲ အမျိုးအစားအလိုက် ဗိုလ်လုပွဲစဉ်  ယှဉ်ပြိုင်နေမှုများကို      ကြည့်ရှု အားပေးကြသည်။     ထို့နောက် ဆုပေးပွဲကို ဆက်လက်ကျင်းပရာ  ဒိုင်အဖွဲ့ဝင်များ၊    တစ်ဦးချင်းဆု ရရှိကြသူများ၊ အသင်းလိုက်ဆုရရှိ  ကြသူများနှင့်   တံခွန်စိုက်ဒိုင်းဆု ရရှိသည့်   မုံရွာတပ်နယ်အသင်း တို့ကို  တိုင်းမှူးနှင့်  တာဝန်ရှိသူ များက ဒိုင်းဆုနှင့် ဂုဏ်ပြုဆုများ  ပေးအပ်ချီးမြှင့်ကြသည်။

 


အဆိုပါ ပြေး၊ ခုန်၊ ပစ်ပြိုင်ပွဲ ကို     တိုင်းစစ်ဌာနချုပ်ကွပ်ကဲမှု အောက်ရှိ တပ်နယ်များမှ ပြိုင်ပွဲ ဝင်အသင်း ၁၁ သင်းဖြင့် ဇူလိုင် ၂၂    ရက်မှ   ယနေ့အထိ  ကျင်းပခဲ့ခြင်းဖြစ်ကြောင်း     သတင်းရရှိသည်။         
             

သတင်းစဉ်