အနောက်မြောက်တိုင်းစစ်ဌာနချုပ်၊ ဇိနမာန်အောင်တပ်ဦးကျောင်းတိုက်၌ အသံမစဲ မဟာပဋ္ဌာန်းကျမ်းမြတ်ပူဇော်ပွဲ အောင်ပွဲ ပြုလုပ်

 

နေပြည်တော်  ဖေဖော်ဝါရီ   ၅


အနောက်မြောက်တိုင်းစစ်ဌာနချုပ်၊ ဇိနမာန်အောင် တပ်ဦးကျောင်းတိုက်၌ ရွတ်ဖတ်ပူဇော်လျက်ရှိသည့် အသံမစဲ မဟာပဋ္ဌာန်းကျမ်းမြတ်ပူဇော်ပွဲ အောင်ပွဲကို ယနေ့နံနက်ပိုင်းတွင်   ပြုလုပ်ရာ  မုံရွာမြို့ ရန်ကင်း ကျောင်းတိုက် ပဓာနနာယက ဆရာတော် ဒွိပိဋကဓရ၊ ဒွိပိဋကကောဝိဒ၊ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တပညာဝံသ အမှူးပြုသော   သံဃာတော်များ  ကြွရောက်တော် မူကြပြီး စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ် ကျော်၊ တိုင်းမှူး ဗိုလ်မှူးချုပ် သန်းထိုက်နှင့် အရာရှိ၊ စစ်သည်၊ မိသားစုများ တက်ရောက်ကြသည်။

 


ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တက်ရောက်လာကြသူများက  မုံရွာမြို့  ရန်ကင်း ကျောင်းတိုက်ဆရာတော်ထံမှ   ငါးပါးသီလနှင့် ပရိတ်တရားတော်များနာယူကြပြီး သံဃာတော်များ အား လှူဖွယ်ပစ္စည်းနှင့် အလှူငွေများ ဆက်ကပ် လှူဒါန်းကြသည်။    ထို့နောက် ပဋ္ဌာန်းကျမ်းမြတ်ပူဇော်ပွဲအောင်ပွဲကို  ဆက်လက်ပြုလုပ်ကြပြီး သံဃာတော်များအား   နေ့ဆွမ်းဆက်ကပ်လှူဒါန်း ကြသည်။

 


အဆိုပါ ပဋ္ဌာန်းကျမ်းမြတ်ပူဇော်ပွဲကို ဖေဖော်ဝါရီ ၁ ရက်မှ   ယနေ့အထိ  ရွတ်ဖတ်ပူဇော်ခဲ့ခြင်းဖြစ် ကြောင်း သတင်းရရှိသည်။

သတင်းစဉ်