အနောက်ဘက်ကမ်း‌ဒေသ၌ ကိုဗစ်- ၁၉ ကူးစက်မှုများ၏ ၉၅ ရာခိုင်နှုန်းမှာ ဗီဇပြောင်းဒယ်လ်တာကူးစက်မှုဖြစ်ပွား

 

ဂါဇာ   ဩဂုတ်   ၈


အနောက်ဘက်ကမ်းဒေသတွင် ကိုဗစ်- ၁၉ ကူးစက်မှုများ၏   ၉၅ ရာခိုင်နှုန်းမှာ     ဒယ်လ်တာဗိုင်းရပ်စ် ကူးစက်ခံရခြင်းဖြစ်သည်ဟု   ပါလက်စတိုင်း  အဆင့်မြင့်အရာရှိတစ်ဦးက ဩဂုတ် ၇ ရက်တွင် ပြောသည်။
အနောက်ဘက်ကမ်းရှိမြို့များတွင်    ဒယ်လ်တာ ကူးစက်မှု    ပျံ့နှံ့နေပြီဟုလည်း   ရာမလာမြို့တွင်  ပြုလုပ်သည့်  သတင်းစာရှင်းလင်းပွဲတွင်  ပါလက်စတိုင်း ကျန်းမာရေးဝန်ကြီး  မိုင်အယ်ခိုင်လာက      သတင်း ထောက်များကို ပြောသည်။ အနောက်ဘက်ကမ်းတွင် ရောဂါကူးစက်မှုအခြေအနေမှာ       အသွားအလာ ပိတ်ဆို့ကန့်သတ်မှုပြုလုပ်ရန်       အနေအထားသို့ မရောက်သေးကြောင်း  ဗီဇပြောင်းဒယ်လ်တာကူးစက် မှုကို  ထိန်းချုပ်နိုင်ရေးအတွက်  ကျန်းမာရေးဝန်ကြီး ဌာနအနေဖြင့်  အကူအညီများလိုအပ်ကြောင်း ၎င်း က ဆက်လက်ပြောကြားသည်။  စားသောက်ဆိုင်နှင့် စီးပွားရေးလုပ်ငန်းများ ဆက်လက်လုပ်ဆောင်နိုင်ရန် ကျောင်းများနှင့် တက္ကသိုလ်များ    ပြန်ဖွင့်နိုင်ရေးတို့ အတွက် အဓိကလိုအပ်ချက်မှာ ပြည်သူများ    သတိ ကြီးစွာဖြင့်   ဗိုင်းရပ်စ်ပျံ့နှံ့မှုကို  ထိန်းချုပ်ရာတွင် စည်းကမ်းလိုက်နာရန် လိုအပ်သည်ဟု   ပြောသည်။ ပါလက်စတိုင်းတွင်   ရောဂါကူးစက်မှု  အနည်းငယ် များပြားလာသည်။ 
 အနောက်ဘက်ကမ်းနှင့်  ဂါဇာကမ်းမြောင်ဒေသရှိ ကာကွယ်ဆေးထိုးပေးရာ    စင်တာများသို့ အသက် ၁၈ နှစ်နှင့်အထက်   ပြည်သူများ    သွားရောက် ကာကွယ်ဆေးထိုးနှံမှု ခံယူကြရန်  ၎င်းက  တိုက်တွန်း ထားသည်။ ဩဂုတ် ၇ ရက်တွင် နောက်ထပ်ကူးစက် ခံရသူ ၁၃၆ ဦး တွေ့ရှိခဲ့ပြီး    ပြန်လည်ကျန်းမာလာသူ ၃၃ ဦး ရှိခဲ့သည်။    အနောက်ဘက်ကမ်းနှင့်   ဂါဇာ ကမ်းမြောင်ဒေသတို့တွင်   ကာကွယ်ဆေးထိုးပြီးသူ ၆၀၈၁၅၅ ဦးရှိပြီး နှစ်ကြိမ်ကာကွယ်ဆေးထိုးပြီးသူ ၄၂၃၃၄၀ ရှိသည်ဟု သိရသည်။        

    ဆင်ဟွာ