
နေပြည်တော် ဇူလိုင် ၁၄
ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး တင်အောင်စန်း သည် တာဝန်ရှိသူများနှင့်အတူ ယနေ့ နံနက်ပိုင်းတွင် စစ်ကိုင်းတိုင်း စစ်ကိုင်းမြို့ ရွာထောင်ရှိ မြန်မာ့ မီးရထား၏ ဒီဇယ်စက်ခေါင်းစက်ရုံသို့ ရောက်ရှိ စစ်ဆေးရာ စက်ရုံမှူးက လုပ်ငန်းကဏ္ဍအလိုက် ရှင်းလင်းတင်ပြပြီး ပြည်ထောင်စုဝန်ကြီးက လျာထား ချက်များ ပြည့်မီကျော်လွန်အောင် စွမ်းဆောင်နိုင် ရေး၊ စက်ရုံ၏ လုံခြုံမှုစနစ်ကောင်းမွန်ရေး၊ ဝန်ထမ်း များ သက်သာချောင်ချိရေးကိစ္စရပ်များကို မှာကြားပြီး လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးသည်။
လှည့်လည်ကြည့်ရှုစစ်ဆေး
ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် ဝန်ထမ်းများကို စားသောက်ဖွယ်ရာများ ပေးအပ် ပြီး စက်ရုံဝင်းအတွင်းရှိ စက်မှုသင်တန်းကျောင်း အဆောက်အအုံတွင် သင်တန်းသားများကို သင်တန်း ပို့ချနေမှု၊ လက်တွေ့လေ့ကျင့်လုပ်ဆောင်နေမှုနှင့် စက်ရုံ၏ လုပ်ငန်းခွင်နေရာများကို လှည့်လည် ကြည့်ရှုစစ်ဆေး၍ လိုအပ်သည်များ မှာကြား သည်။
ထို့နောက် စက်ရုံရှိ ရွာထောင်ဘိုးဘွားရိပ်သာသို့ ရောက်ရှိပြီး သက်ကြီးဘိုးဘွားများ စားသောက် နေထိုင်ရေးကိစ္စများနှင့် ပတ်သက်၍ လိုအပ်သည် များ ဖြည့်ဆည်းဆောင်ရွက်ပေးပြီး အလှူငွေများ ပေးအပ်လှူဒါန်းသည်။
ဆက်လက်၍ မြန်မာ့မီးရထား ဆေးရုံ(ရွာထောင်) သို့ ရောက်ရှိပြီး ဝန်ထမ်းများ၊ မိသားစုများအား ဆေးကုသပေးနိုင်မှု၊ ဆေးပစ္စည်း၊ ကိရိယာနှင့် ဆေးဝါး လိုအပ်ချက်အခြေအနေများအပေါ် လိုအပ် သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် မြန်မာ့မီးရထားဆေးရုံ(မြစ်ငယ်) သို့ ရောက်ရှိပြီး လူနာများ လက်ခံကုသပေးနေမှု၊ ဆေးပစ္စည်းနှင့် ကိရိယာများ၊ ဆေးဝါးလိုအပ်ချက်အခြေအနေတို့ကို လှည့်လည်ကြည့်ရှုစစ်ဆေးကာ ဆေးရုံတက်ရောက် ကုသနေသည့် လူနာများကို ထောက်ပံ့ငွေများ ပေးအပ်လှူဒါန်းသည်။
စားသောက်ဖွယ်ရာများ ပေးအပ်
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် မြန်မာ့မီးရထား၏ လူစီးတွဲနှင့် ကုန်တွဲစက်ရုံ (မြစ်ငယ်)သို့ ရောက်ရှိစစ်ဆေးရာ စက်ရုံမှူးက စက်ရုံ မှ လူစီးတွဲသစ်များ တပ်ဆင်ထုတ်လုပ်ပေးနိုင်မှု ကို ရှင်းလင်းတင်ပြကာ ပြည်ထောင်စုဝန်ကြီးက တွဲတည်ဆောက်မှု အတွေ့အကြုံများကို ရရှိခဲ့ပြီး နောင်အနာဂတ်တွင် ခေတ်မီတွဲတည်ဆောက်မှုများ ကို ကိုယ်ပိုင်နည်းပညာဖြင့် အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေး စီမံဆောင်ရွက်ကြရန်ဖြစ်ကြောင်း၊ ပြည်တွင်းမှ ရရှိနိုင်သည့်ပစ္စည်းများကို မြန်မာကျပ်ငွေ ဖြင့်ပင် ဝယ်ယူရရှိနိုင်ရေး၊ မဖြစ်မနေ လိုအပ်မှသာ လျှင် နိုင်ငံခြားမှ မှာယူတင်သွင်းအသုံးပြုရေး၊ ဝန်ထမ်းများ၏ ကျန်းမာရေးနှင့် သက်သာချောင်ချိ ရေးကို ဂရုစိုက်ဆောင်ရွက်ပေးရေး၊ စက်ရုံ၏ဝန်ထမ်း၊ ပစ္စည်းများ လုံခြုံရေးနှင့် လုပ်ငန်းခွင်ဘေးအန္တရာယ် ကင်းရှင်းရေးတို့ကို အထူးဂရုစိုက်ရေးမှာကြားကာ လိုအပ်သည်များ ဖြည့်ဆည်းပေးပြီး ဝန်ထမ်းများအား စားသောက်ဖွယ်ရာများ ပေးအပ်သည်။ ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် စက်ရုံများ၌ တွဲသစ်များ တပ်ဆင်ထုတ်လုပ်နေမှု အခြေအနေ၊ အသုံးပြုနေဆဲလူစီးတွဲ ကုန်တွဲများ သက်တမ်း အလိုက် မွမ်းမံပြင်ဆင်ပေးနေမှုတို့ကို ကြည့်ရှု စစ်ဆေးသည်။
လေလွင့်ဆုံးရှုံးမှုမရှိစေရေး မှာကြား
ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် ကွန်ကရစ် ဇလီဖားစက်ရုံ(မြစ်ငယ်)သို့ ရောက်ရှိပြီး ထုတ်လုပ်မှု စံချိန် စံညွှန်းပြည့်မီရေး ကုန်ကြမ်းပစ္စည်း များ လေလွင့်ဆုံးရှုံးမှုမရှိစေရေး မှာကြားသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် မန္တလေး-လားရှိုး ရထားလမ်းပိုင်းပေါ်ရှိ ဇီးပင်ကြီး ဘူတာသို့ ရောက်ရှိပြီး RGC သံလမ်း ပြေးယာဉ်ဖြင့် လိုက်ပါ၍ ရထားလမ်းဘေးဝဲယာတစ်လျှောက် ချုံများ ရှင်းလင်းခြင်း ဆောင်ရွက်ပြီးစီးမှု၊ ကွန်ကရစ် ဇလီဖား ဖြည့်တင်းပြီးစီးမှုနှင့် လမ်းခင်းကျောက် ဖြည့်တင်းပြီးစီးမှုအခြေအနေတို့ကို ကြည့်ရှုစစ်ဆေး သည်။ ညနေပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် ပြင်ဦးလွင်ဘူတာယာဒ်ဝင်းအတွင်း သံလမ်းမွမ်းမံ ပြင်ဆင်မှု၊ သန့်ရှင်းသပ်ရပ်ရေး ဆောင်ရွက်ထားမှု တို့ကို ကြည့်ရှုစစ်ဆေးလျက် လိုအပ်သည်များ ဖြည့်ဆည်းမှာကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်